ဗဟိုအစိုးရ ကက်ဘိနက်အဖွဲ့သည် GST အမြတ်တော်ခွန် ပံ့ပိုးရေး ဥပဒေမူကြမ်း ၄ ခုတို့ကို အတည်ပြု ရှင်းလင်းလိုက်ပြီး ၎င်းတို့ကို ပါလီမန် လွှတ်တော်သို့ မကြာမီ တင်သွင်းသွားမည် ဖြစ်သည်။

ယနေ့ ဗဟိုအစိုးရ ကက်ဘိနက်အဖွဲ့သည် ပါလီမန်လွှတ်တော်တွင် မကြာမီ တင်သွင်းသွားနိုင်ရေးအတွက် နည်းလမ်းပေးအပ်လျက် GST ခေါ် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အမြတ်တော်ခွန် ပံ့ပိုးရေး ဥပဒေ မူကြမ်း ၄ ခုတို့ကို ရှင်းလင်းအတည်ပြုလိုက်သည်။ မူကြမ်းများကို နယူးဒေလီမြို့ တွင်ပြုလုပ်ခဲ့သော ကက်ဘိနက် တွေ့ဆုံဆွေးနွေးပွဲတရပ်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ နစ်နာကြေး ပေးလျော်ရေးဥပဒေ၊ ဗဟိုအစိုးရ GST အမြတ်တော်ခွန် ဥပဒေ၊ ဘက်စုံ GST အမြတ်တော် ခွန်ဥပဒေ စသည့် ပံ့ပိုးရေး ဥပဒေ မူကြမ်းများကို ငွေကြေးဆိုင်ရာ ဥပဒေမူကြမ်းအဖြစ် တင်သွင်းသွားမည်ဖြစ်သည်။ ပါလီမန်လွှတ်တော်မှ အတည်ပြုပြီးသည့်အခါ ပြည်နယ်များသည် ၎င်းတို့၏ ပြည်နယ်လွှတ်တော်အသီးသီးတို့တွင် ပြည်နယ် အဆင့် GST ဥပဒေမူကြမ်းကို ဆွေးနွေးအတည်ပြုနိုင်ရေးအတွက် စတင်လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း။