Mr.Yogi Adityanath ကို UP ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ချက်ကို RSS အဖွဲ့ အစည်း၏ ဖိအားတို့အောက်တွင် ချမှတ်ခဲ့ခြင်းမဟုတ်ကြောင်း ဗဟိုအစိုးရဝန်ကြီး Mr.Venkaiah Naidu က ဖော်ပြလိုက်သည်။

Mr. Yogi Adityanath ကို Uttar Pradesh ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်ဆုံးဖြတ်ချက်ကို RSS ဘာသာရေးအဖွဲ့၏ ဖိအားတို့အောက်တွင် ချမှတ်ခဲ့ခြင်းမဟုတ်ကြောင်း သတင်းပြန်ကြားရေးနှင့် အသံလွှင့် ဌာနရေးရာဝန်ကြီး Mr.Venkaiah Naidu က ဖော်ပြလိုက်သည်။ ပါလီမန်လွှတ်တော်အပြင်ဘက်၌ သတင်း မီဒီယာသို့ ဖော်ပြခဲ့ရာတွင် အဆိုပါဆုံးဖြတ်ချက်ကို တညီတညွှတ် ချမှတ်ခဲ့သည့်အတွက် ခန့်အပ်တာဝန် ပေးအပ်မှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ နိုင်ငံရေးအသုံး ချရန် မလိုအပ်ကြောင်း Mr.Naidu က ဖော်ပြခဲ့သည်။ အသစ်ခန့်အပ်ထားသော ပြည်နယ်ဝန်ကြီး ချုပ်သည် လူမှုအဖွဲ့အစည်း ကဏ္ဍအားလုံးတို့ကို ဆောင်ရွက်ပြီး ၎င်း၏ဝေဖန်ဖော်ပြချက် မှားယွင်းနေသည်ကို သက်သေပြုသွားမည်ဖြစ်ကြောင်း Mr.Naidu က ဖော်ပြခဲ့သည်။ ဤပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး အခြေအနေများ တိုးတက်ကောင်းမွန်လာလိမ့် မည်ဟု ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး Mr.Rajnath Singh က မျှော်လင့်ဖော်ပြခဲ့ကြောင်း။