ပြည်ထဲရေးဝန်ကြီး Mr.Rajnath Singh သည် ပြည်နယ်အားလုံးတို့အား နိုင်ငံ၏ အစိတ်အပိုင်း အဖြာဖြာတို့၌ နေထိုင်လျှက်ရှိကြသောKashmir လူမျိုးများ၏ လုံခြုံရေးကို စောင့်ရှောက်ကြပါရန် တောင်းဆိုလိုက်သည်။

ယနေ့ ပြည်ထဲရေးဝန်ကြီး Mr.Rajnath Singh သည် ပြည်နယ်အားလုံးတို့ကို နိုင်ငံတော်၏ ခြားနားသည့် အစိတ်အပိုင်းတို့၌ နေထိုင်လျှက်ရှိကြသော Kashmir ပြည်နယ်သူ ပြည်နယ်သား များ၏ လုံခြုံရေးကို သတိပြုစောင့်ရှောက်ကြပါရန် တောင်းဆိုလိုက်သည်။Kashmir လူမျိုးများကို နှောင့်ယှက် ဒုက္ခဖြစ်စေ သည်ဟု စွပ်စွဲကြသည့် အခင်းဖြစ်ပွားမှုများကို ရှုတ်ချလျှက် ပြည်ထဲရေး ဝန်ကြီးသည် ၎င်းတို့က တခြား အိန္ဒိယနိုင်ငံသားများနှင့် ထပ်တူထပ်မျှဖြစ်ကြသည်ဟု ဖော်ပြခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ် အားလုံးတို့အား၊ ယင်းတောင်ကြားအရပ်ဒေသမှ ပြည်သူတို့၏ ဘေးရန်ကင်းရေးနှင့် လုံခြုံရေးကို သတိပြု ကြပါရန် အကြံပေးစာကို ပို့ပေးလျှက်ရှိသည်ဟု ပြောကြားခဲ့သည်။ Mr.Singh ၏ ထုတ်ဖော်ချက်သည် Rajasthan နှင့် Uttar Pradesh ပြည်နယ် တို့၌ Kashmir လူမျိုး ကျောင်းသားများအား မကြာသေးမှီက ဖြစ်ပေါ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် Kashmiri လူငယ်များက ခဲလုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု အခင်းများပေါ်ပေါက်ပြီး နောက်ပိုင်း ခြိမ်းခြောက်မှု ခံရေကြရသည်ဟူသော သတင်းများကြောင့် ပေါ်ထွက်လာရခြင်း ဖြစ်ကြောင်း။