ဘဏ္ဍာရေးဝန်ကြီး Mr.Arun Jaitley သည် Washington မြို့၌ အမေရိကန် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မကြာသေးမှီက H1-B ဗီဇာ ဆိုင်ရာ အကောင်အထည်ဖော်ရန် အမိန့် များနှင့် ပါတ်သက်၍ ဆွေးနွေးခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး Mr.Arun Jaitley သည် Washington မြို့၌ အမေရိကန်ပြည်ထောင်စု ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Mr.Wilbur Ross နှင့် တွေ့ဆုံပြီး ၊ မကြာသေးမှီက ထုတ်ပြန်ခဲ့သည့် H-1B ဗီဇာ အစီအစဉ်ဆိုင်ရာ အမိန့်နှင့် ပါတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်။Mr.Jaitley သည် အိန္ဒိယကျွမ်းကျင်သူ အတတ်ပညာရှင်များ၏ အမေရိကန်စီးပွားရေးအတွက် ပါဝင်ထမ်းဆောင်ခဲ့ကြသော ထူးကဲသည့် ကျိုးပမ်း အားထုတ်မှုတို့ကို မီးမောင်းထိုး ဖော်ပြခဲ့ပြီး၊ အမေရိကန် အုပ်ချုပ်ရေးက ယင်းအချက်အလက်တို့ကို ဆုံးဖြတ်ချက် ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားလိမ့်မည်ဟု မျှော်လင့် ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန် ပြည်ထောင်စုသမ္မတ Mr.Donald Trumpသည် မကြာသေးမှီက H-1B ဗီဇာ အစီအစဉ်ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို ပိုမိုတင်းကြပ်စေရန်နှင့် ယင်းဗီဇာအမျိုး အစားကို အကျွမ်းကျင်ဆုံး အတတ်ပညာရှင်များနှင့် လုပ်ခအများဆုံးရရှိသော အယူခံဝင်သူများ အတွက်သာ ဖြစ်စေရမည်ကို သတိပြုရန် အမှုဆောင်အမိန့်တခု ထုတ်ပြန်ခဲ့သည်။ Mr.Jaitley သည် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့တို့၏ နွေဦးရာသီ အစည်းအဝေးပွဲသို့ တက်ရောက်ရန် (၅) ရက်ကြာ ခရီးစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေ ခြင်းဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးသည် ယမန်နေ့က Washington D.C မြို့၌ အမေရိကန်ပြည်ထောင်စု ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးနှင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခေါင်းဆောင် နှစ်ဦးတို့သည် အင်ဒို-အမေရိကန် စီးပွားရေး ဆက်ဆံမှုများနှင့် လာမည့်နှစ်များတွင် လိုအပ်လိမ့်မည် ဖြစ်သော နှစ်ဦးနှစ်ဖက် အပြန်အလှန် ထောက်ပံ့မှုများကို အလေးအနက် ဆွေးနွေးခဲ့ကြ ကြောင်း။