ဝန်ကြီးချုပ် Mr. Narendara Modi သည် အရပ်သားအစိုးရ အမှုထမ်းတို့အား ပြောင်းလဲလာနေသော အချိန်ကာလနှင့်အညီ အလုပ်လုပ်ကိုင်ရေး နည်းလမ်းသစ်များကို ကျင့်သုံးကြပါရန် နိုးဆော်ခဲ့ပြီး၊ အစိုးရအနေနှင့် စည်းမျဉ်းဥပဒေ ချမှတ်သူများထက် အမှန်တကယ် စွမ်းဆောင် သယ်ပိုးနိုင်သည့် အဖွဲ့အစည်း ဖြစ်လာရမည်ဟု ဖော်ပြခဲ့သည်။

ယနေ့ဝန်ကြီးချုပ် Mr.Narendra Modi သည် အရပ်သားအစိုးရ အမှုထမ်းများအနေနှင့် ပြောင်းလဲလာနေ သော အချိန်ကာလနှင့်အညီ အလုပ်လုပ်ကိုင်ရန် နည်းလမ်းသစ်များကို ရှာဖွေကျင့်သုံးသင့်သည်ဟု ပြောကြားခဲ့သည်။ Mr.Modi သည် ပြောင်းလဲလာနေသည့် ခေတ်ကာလနှင့်အညီ အစိုးရသည် စည်းမျဉ်း ဥပဒေ ချမှတ်သူများမှ အမှန်စင်စစ် အကောင်အထည်ဖော် လုပ်ကိုင်သည့် အဖွဲ့အစည်း ဖြစ်လာစေရ မည်ဟု ဖော်ပြခဲ့သည်။ ဝန်ကြီးချုပ်သည် လွန်ခဲ့သော ၁၅ နှစ်မှ နှစ်ပေါင်း (၂၀) ခန့်ရှိ ကာလအတွင်း ပြောင်းလဲမှုလမ်းကြောင်းသည် အစွမ်းထက်မြက်မှုအား ယှဉ်ပြိုင်မှုတခုအဖြစ် ပြုပြင်ခဲ့ခြင်းက အရည် အသွေးပြည့်ဝသော ပြောင်းလဲမှုတခု ယူဆောင်လာရာ၌ အလွန်ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ သည်ဟု ဖော်ပြခဲ့သည်။ ဝန်ကြီးချုပ်သည် စောစောပိုင်းက အစိုးရ၏ အခန်းကဏ္ဍက ကျန်းမာရေး ပြုစုစောင့်ရှောက်မှုမှအစ စက်ရုံတခုတည်ထောင်သည်အထိ အလုပ်ပေါင်းများစွာတို့ကို လုပ်ကိုင်ခဲ့ရ သော်လည်း ယခုအခါ အခြေအနေမှာ ပြောင်းလဲလာပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။ Mr.Modi သည် ယခုအခါ ပြည်သူတို့က ပုဂ္ဂိုလိကပိုင်နယ်ပယ်၌ ပုဂ္ဂိုလိကပိုင် လေကြောင်းနှင့် ပုဂ္ဂိုလိကပိုင် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု လုပ်ငန်းများကဲ့သို့သော လုပ်ငန်းများကို တွေ့မြင်နေကြရပြီး၊ အလုပ်ပမာဏ တိုးများ လာသည့်အလျှောက် အရည်အသွေးပြောင်းလဲမှုတခုလည်း လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် သည် ပြည်သူအုပ်ချုပ်ရေး၌ အကောင်း ဆုံးထမ်းဆောင်ခဲ့မငအတွက် ဝန်ကြီးချုပ်၏ ဆုတံဆိပ်များကို ခရိုင်များနှင့် တခြားဗဟိုနှင့် ပြည်နယ်အဖွဲ့အစည်းများအား ၎င်းတို့၏ အစီအစဉ်များကို ထိရောက်စွာ အကောင်အထည် ဖော်မှုနှင့် ဆန်းသစ်တီထွင်မှုအတွက် ချီးမြှင့်ခဲ့ကြောင်း။