အမေရိကန်ပြည်ထောင်စုမှ အိန္ဒိယအမျိုးအနွယ် အမေရိကန်နိုင်ငံသား အသိုင်းအဝိုင်းသည် Trump အုပ်ချုပ်ရေးအား အိန္ဒိယနိုင်ငံသားKulbhushan Jadhav လွတ်မြောက်ရေးအတွက် ကြားဝင်စေ့စပ်ပေးရန် အသနားခံလွှာတခုကို အိမ်ဖြူတော်သို့ တင်သွင်းခဲ့ကြောင်း။

အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျှက်ရှိကြသော အိန္ဒိယအမျိုးအနွယ် အမေရိကန်နိုင်ငံသား အသိုင်းအဝိုင်းသည် အိမ်ဖြူတော်သို့ အသနားခံလွှာတခု တင်သွင်းခဲ့ပြီး၊ အိန္ဒိယလူမျိုး Kulbhushan Jadhav ကို ကယ်တင်ရေးအတွက် Trump အုပ်ချုပ်ရေးအား ကြားဝင်စေ့စပ်လုပ် ကိုင်ပေးပါရန် တောင်းဆိုထားကြသည်။ Jadhav ကို ပါကစ္စတန်တရားရုံးတခုက သူလျှိုလုပ်မှုနှင့် မသမာသော လှုပ်ရှားမှုများဖြင့် စွပ်စွဲခံရခြင်းအတွက် သေဒါဏ်ချမှတ်ခဲ့သည်။ S.S ဆိုသူ တဦးက ဖန်တီးထားသည့် အိမ်ဖြူတော်၏ “We the people petition”ဟူသော Website ၌ Jadhav အပေါ် စွပ်စွဲချက်ဖြစ်သည့် ၎င်းက အိန္ဒိယနိုင်ငံအတွက် သူလျှိုလုပ်နေခဲ့သည်ဟူ၍ ဖော်ပြချက်က လုံးဝ များယွင်းပြီး၊ တမင် ဖန်တီး ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ Trump အုပ်ချုပ်ရေးမှ တုန့်ပြန်ချက်တခု ရရှိစေရေးအတွက် ရှေ့လ ၁၄ ရက်နေ့မတိုင်မှီ အနည်းဆုံးလူပေါင်း တသိန်း ကျော်တို့ လက်မှတ်ရေးထိုးရန် လိုအပ်ပေသည်။ အဆိုပါ အယူခံဝင်လွှာတွင် အိန္ဒိယ နိုင်ငံအား ကောင်စစ်ဝန်နည်းလမ်းအရ Kulbhushan ကို တွေ့ဆုံခွင့်မပေးခြင်း သည် Jadhav အပေါ် စွဲချက်တင်ထားသည်တို့မှာ မှန်ကန်မှုမရှိဘဲ၊ သေဒါဏ်ပေးခဲ့ခြင်းက တမင် သက်သက် ဖန်တီးအရေးယူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ကို ပေါ်လွင်စေသည်ဟု ဖော်ပြထားကြောင်း။