အိန္ဒိယတရားရုံးတော်ချုပ်သည် ဗဟိုအစိုးရအား PAN card ခေါ် အမြဲတမ်းပုံသေ ငွေစာရင်း နံပါတ် ကဒ်ပြားရရှိရေးအတွက် Aadhaarမှတ်ပုံတင် ကဒ်ပြားမရှိမဖြစ် ပြုလုပ်ခြင်းအတွက် မေးခွန်းထုတ် လိုက်သည်။

ယနေ့အိန္ဒိယတရားရုံးတော်ချုပ်သည် ဗဟိုအစိုးရအား Aadhaar မှတ်ပုံတင်ကဒ်ပြားကို PAN card ခေါ် အမြဲတမ်းပုံသေငွေစာရင်း နံပါတ်ကဒ်ပြား ရယူရန်အတွက် မရှိမဖြစ်သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။ အစိုးရရှေ့နေချုပ် Mukul Rohatgiသည် ရုံးတော်ရှေ့မှောက် လာရောက်ပြောဆိုရာတွင် တရားသူကြီး AK Sikri ဦးဆောင်သော တရားသူကြီးများအဖွဲ့အား ပြည်သူတို့သည် စာရွက်စာတမ်းအတု များ တင်သွင်းရယူထားသည့် PAN card များ၏ အသေးစိတ်ကို တင်ပြလေ့ရှိခြင်းအား တွေ့ရှိခဲ့ရသည်ဟု လျှောက်တင်ခဲ့သည်။ Mr.Rohatgi သည် လူတဦး တွင် PAN card နံပါတ်များစွာရှိသည်ကို တွေ့ရှိရပြီး၊ ယင်းကဒ်ပြားအတုများအား ကုမ္ပဏီများတွင် ငွေထည့်သွင်းမှု ကွဲပြားစေရေးအတွက် အသုံးပြုလေ့ရှိကြ သည်ဟု ဖော်ပြခဲ့သည်။ ယင်းတင်ပြချက်နှင့် ပါတ်သက်၍ တရားသူကြီးများအဖွဲ့သည် အစိုးရရှေ့နေချုပ် အား ယခုကဲ့သို့ ပြဋ္ဌာန်းခြင်းက PAN card ရရှိရန် တဦးတယောက်အနေနှင့် Aadhaar ကဒ်ပြားမရှိမဖြစ်၊ သတ်မှတ်ရာ၌ အထောက်အကူဖြစ်စေနိုင်မည်ကို မေးမြန်းခဲ့သည်။ တရားရုံးတော်ချုပ်သည် အဘယ် ကြောင့် Aadhaarကဒ်ပြားရှိရန် မလွှဲမရှောင် လိုအပ်သည်ကိုလည်း ထပ်လောင်းမေးမြန်းခဲ့သည်။ တရား သူကြီးများအဖွဲ့သည် အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပါတ်သက်၍ ဆန့်ကျင်အယူခံဝင်မှုအား ကြားနာစစ်ဆေး သွားမည်ဟု ဖော်ပြခဲ့ကြောင်း။