ဆွီဒင်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စမတ်မြို့တော် ဖွံ့ဖြိုးလုပ်ဆောင်မှုတွင် စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြလိုက်သည်။

ဆွီဒင်နိုင်ငံသည် စမတ်မြို့တော် ဖွံ့ဖြိုးတည်ဆောက်မှုတွင် ပြင်းပြသည့် စိတ်ပါဝင်စားမှုကို ထုတ်ဖော်ပြသလိုက်သည်။ ဆွီဒင်နိုင်ငံသည် တည်ဆောင်နေသည့် စမတ်မြို့တော်များတွင် ဒြပ်ဝတ္ထု စွန့်ပစ်ပစ္စည်းများ စီမံလုပ်ဆောင်ရေးအပြင် ခိုင်မာမှုရှိပြီး ပတ်ဝန်းကျင်နှင့် သဟဇာတကျသည့် အများပြည်သူ သယ်သူပို့ဆောင်ရေး ဆောင်ရွက်ချက်များ တိုးမြှင့်ရာတွင် ၎င်းတို့၏ကျွမ်းကျင်မှုနှင့် နည်းပညာများကျင့်သုံးသွားရန်အတွက် ဖော်ဆောင်လုပ်ကိုင်ရေး ယေဘုယျ စီမံချက်တစ်ရပ်ကို အကြံပြုဖော်ပြခဲ့သည်။ ဆွီဒင်နိုင်ငံ၏ အီးယူ ဥရောပ သမဂ္ဂရေးရာနှင့် ကုန်သွယ်ရေးဝန်ကြီး မစ် Ann Lindeနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး M. Venkaiah Naidu တို့သည် ကြာသပတေးနေ့တွင် နယူးဒေလီမြို့၌ တွေ့ဆုံခဲ့ကြပြီး စမတ်မြို့တော်များတည်ဆောက်ရေးကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်ရေးနယ်ပယ်တို့အပေါ် အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း။