“နိုင်ငံတကာတရားရုံးကြီး ICJ က အိန္ဒိယနိုင်ငံ၏ ရပ်တည်ချက်အား အခိုင်အမာ ဖြစ်စေလိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ တောင်အာရှဗဟိုဌာန IDSA မှ စေ့စပ် ညှိနှိုင်းပေးသူ Dr. Ashok Behuria ဝေဖန်ရေးသားပေးပို့ထားတဲ့ “နိုင်ငံတကာတရားရုံးကြီး ICJ က အိန္ဒိယနိုင်ငံ၏ ရပ်တည်ချက်အား အခိုင်အမာ ဖြစ်စေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီအရင်ခံ တင်ပြပါရစေ။

အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကို အခိုင်အမာ ဖြစ်စေလျှက် နိုင်ငံတကာတရားရုံးကြီး ICJ ဟာ ၎င်းရဲ့ ပါကစ္စတန်နိုင်ငံသို့ အမိန့်စာမှာ Kulbhushan Jadhav ကို အဆိုပါရုံးက ယခုအရေးကိစ္စနဲ့ ပါတ်သက်ပြီး နောက်ဆုံးအမိန့် ထုတ်ပြန်သည်အထိ ကွပ်မျက်ခြင်းကို ဆိုင်းငံ့ထားရမည်ကို ညွှန်ပြထားသည်။ ဤအမိန့် ကို ကန့်ကွက်မှုမရှိ ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံကို ရုံးကြီးရဲ့အမိန့်အား အကောင်အထည်ဖော်ရန် အရေးယူဆောင်ရွက်မဲ့ နည်းလမ်းတွေကို အကြောင်းကြားဘို့ တောင်းဆိုထားပါတယ်။ လွန်ခဲ့တဲ့အပါတ်က အိန္ဒိယနိုင်ငံဟာ ICJ သို့ ချဉ်းကပ်ပြီး၊ Pakistan နိုင်ငံကို Jadhav အား ဖမ်းဆီးခြင်းနှင့် ရုံးတင်စစ်ဆေးပြီး လွန်ခဲ့တဲ့ ဧပြီလ (၁၀) ရက်နေ့မှာ စစ်တရားရုံးတခုက သေဒါဏ်အမိန့် ပေးခဲ့ခြင်းကို ဆန့်ကျင်ကာ အယူခံဝင် လျှောက်တင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ Pakistan နိုင်ငံကို “brazen defiance” ခေါ် မျက်နှာပြောင်နဲ့ အရှက်မရှိ ငြင်းခုံသူနှင့် Vienna သဘောတူစာချုပ်ပါ ကောင်စစ်ဝန်ဆိုင်ရာ ဆက်ဆံမှုတွေကို အကြီးအကျယ် ချိုးဖောက်သူများအဖြစ် စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒီစာချုပ်အရ ပါကစ္စတန်နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအား Jadhav အား ဖမ်းဆီးထားခြင်းကို တရားဝင် အကြောင်းကြားရမယ်ဖြစ်ပြီး၊ ကောင်စစ်ဝန်ဆိုင်ရာ အထောက်အပံ့တွေ ရရှိစေရုံမက၊ စွပ်စွဲခံနေရသူကို ၎င်းရဲ့ ရပိုင်ခွင့်တွေကိုလည်း အသိပေးရမယ်ဖြစ်ပါတယ်။ အမှန်တကယ်ဆိုရရင် Jadhav ရဲ့ ဖမ်းဆီးခံရမှုနဲ့ ပါတ်သက်ပြီး ၂၂ ရက် ကြာခဲ့တဲ့နောက်ပိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြရေးသားလာဒါကြောင့် အိန္ဒိယနိုင်ငံကို အသိပေးခဲ့ရာ၊ ချက်ချင်းဆိုသလိုဘဲ အိန္ဒိယနိုင်ငံက ကောင်စစ်ဝန်ဆိုင်ရာ အဆက်အသွယ်တွေ ရရှိဘို့ တောင်းဆိုခဲ့ပါ တယ်။

အိန္ဒိယနိုင်ငံက အမှုကို လျှောက်တင်တဲ့အခါ ယာယီနည်းလမ်းများနဲ့ အရေးယူဘို့ တောင်းဆိုခဲ့ပြီး၊ Jadhav ကို ကွပ်မျက်ခြင်းက အိန္ဒိယနိုင်ငံဘက်မှ ဖော်ပြတောင်းဆိုထားတဲ့ ရပိုင်ခွင့်တွေအတွက် ကန့်ကွက်ခြင်းများ အပေါ် အကျိုးဆုတ်ယုတ်မှုတွေ ပေါ်ပေါက်စေလိမ့်မယ်လို့ တင်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ပြင်းပြင်းထန်ထန်ဆိုသလိုပင် ပါကစ္စတန်နိုင်ငံမှာ Vienna သဘောတူစာချုပ်ကို အပြင်းအထန်ချိုးဖောက်ပြီး၊ အိန္ဒိယနိုင်ငံအား စာချုပ်ပါ ရပိုင်ခွင့်များကို လက်ကိုင်အသုံးချခွင့် တားမြစ်ပိတ်ပင်ခဲ့တယ်လို့ တင်ပြခဲ့ပါတယ်။

နိုင်ငံတကာတရားရုံးကြီး ICJ က ၎င်းရဲ့ တညီတညွှတ်တည်းသော အမိန့်မှာ အိန္ဒိယနိုင်ငံရဲ့ ရှု့မြင်ချက်ဖြစ်တဲ့ “ယာယီနည်းလမ်းများ” ဖြင့် အရေးယူခြင်းကို အမှုပါ အကြောင်းအချက်တွေကို အကဲဖြတ်ပြီးနောက် Jury အဖွဲ့က လက်ခံခဲ့ပါတယ်။ ယာယီအမိန့်ကို ICJ ဥက္ကဋ္ဌ Ronny Abraham က ဖတ်ကြားခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံသို့ ချမှတ်ပေးပို့ခဲ့တဲ့ ထုတ်ပြန်ချက်မှာ လာမည့်ရက်ပေါင်း (၁၅၀) အတွင်း Jadhav ကို အဆုံးစီရင်ခြင်းမပြုနိုင်သည်ကို ညွှန်ပြလျှက် ပါကစ္စတန်နိုင်ငံက Jadhav အား ကွပ်မျက်ခြင်း မပြုဟူ၍ အာမခံတစုံတခုမျှ ရုံးတော်ရှေ့ မတင်သွင်းသောကြောင့် အရေးတကြီးအမိန့် ထုတ်ပြန်ခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံနဲ့ ပါတ်သက်ပြီး စိတ်ချို့ယွင်း ကယောင်ချောက်ချားဖြစ်နေတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ အနေအထားတွေနဲ့ မကြာသေးမှီကစပြီး ပါကစ္စတန်နိုင်ငံရဲ့ သတင်းမီဒီယာတွေမှာ အိန္ဒိယနိုင်ငံကို လက်မခံနိုင်တဲ့ ရန်သူအဖြစ် အကျယ်ချဲ့ ဖော်ပြနေကြတဲ့ နည်းလမ်းတွေ ပေါ်ပေါက်နေတာမို့ ပါကစ္စတန်နိုင်ငံဟာ ယနေ့မေလ ၁၉ ရက်နေ့မှာ ကုန်ဆုံးမဲ့ သတ်မှတ်ထားတဲ့ ရက်ပေါင်း (၄၀) အတွင်း Jadhav ရဲ့ သူ့အပေါ် ချမှတ်ခဲ့တဲ့အပြစ်ဒါဏ်ကို ပြန်လည်သုံးသပ်ဘို့ရာ အယူခံဝင်ခွင့် ပေးပါ့မလား သို့မဟုတ် Jadhav နဲ့ပါတ်သက်ပြီး ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ပျော့ပြောင်းစေမလားဆိုဒါ ယုတ္တိမရှိဟန် ပေါ်ပေါက်နေပါတယ်။ Islamabad အစိုးရဟာ ICJ ရဲ့ အမိန့်ကို ဂရုမစိုက်ဘဲ ၎င်းတို့ရဲ့အမှုကို ပြန်လည် သုံးသပ်တဲ့ တရားဥပဒေရေးရာ လုပ်ငန်းစဉ်အတုအယောင်တွေ ဆက်လက်ပြုလုပ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းကို Kulbhushan Jadhav အား ၎င်းတို့ကိုယ်ပိုင်နည်းလမ်းအရ တရားမျှတမှုများ စစ်မှန်စွာ ပေးကမ်းခဲ့တယ်လို့ အထင်အမြင်လွှဲများစေအောင် ပြုလုပ်နိုင်ပါတယ်။

သို့သော်ငြားလည်း ပါကစ္စတန်နိုင်ငံက ICJ အမိန့်ကို အနည်းဆုံးလိုက်နာပြီး၊ Jadhav အား ကွပ်မျက်ခြင်းကို ဤအမှုကိစ္စ ICJ လက်ထဲရှိနေသမျှ ဆိုင်းငံ့ထားရမှာဖြစ်ဒါမို့ Jadhav ရဲ့မိသားစုနဲ့ ၎င်းအား စာနာထောက် ထားသူတွေအတွက် တချို့သော စိတ်ချမ်းသာမှု ပေးဆောင်လိုက်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Ashok Behuria ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။