ဝန်ကြီးချုပ် Mr. NarendraModiသည် မေလ ၂၆ ရက်နေ့တွင် အာသံပြည်နယ်မှ Dhola-Sadiaတံတားကို နိုင်ငံတော်သို့ အပ်နှံသွားမည်ဖြစ်သည်။

ဝန်ကြီးချုပ် Mr. NarendraModiသည် ယခုလ ၂၆ ရက်နေ့တွင် အာသံပြည်နယ်မှ Dhola-Sadiaတံတားကို နိုင်ငံတော်သို့ အပ်နှံသွားမည်ဖြစ်သည်။ ၎င်းတံတားသည် ၉.၁၆ ကီလိုမီတာ ရှည်လျားပြီး နိုင်ငံအတွင်း အရှည်လျားဆုံး တံတားဖြစ်လိမ့်မည်ဟု အာသံပြည်နယ်မှ PWD ဝန်ကြီး Mr. ParimalSuklaBaidyaက ဖော်ပြခဲ့သည်။ ရူပီးငွေ ကုဋေ ၁၂၀၀ ကုန်ကျသည့် အဆိုပါတံတားသည် အာသံပြည်နယ်နှင့် Arunachal Pradesh ပြည်နယ်တို့မှ ပြည်သူလူထုများအတွက် ဆက်သွယ်မှုစွမ်းရည် တိုးတက်စေမည်ဖြစ်ကြောင်း Mr. ParimalSuklaBaidyaက ဖော်ပြခဲ့သည်။ အာသံပြည်နယ် ဝန်ကြီးချုပ် SarbanandSonowalသည် တံတားဖွင့်လှစ်ရေး အစီအစဉ်အတွက် ပြင်ဆင်မှုအခြေအနေများအပေါ် သုံးသပ်ကြည့်ရှုခဲ့သည်။ ဤတံတားသည် Sadiaဒေသမှ ပြည်သူထုတို့၏ အခက်အခဲများကို ဖယ်ရှားစေရုံသာမက ကာကွယ်ရေးရှုထောင့်မှ အရေးကြီးလှသော လိုအပ်ချက်တစ်ရပ်ကိုလည်း ဖြည့်ဆည်းပေးလိမ့်မယ်ဟု အေအိုင်အာရ် သတင်းထောက်က အစီရင်ခံဖော်ပြထားကြောင်း။