ဝန်ကြီးချုပ် Mr. NarendraModiသည် အာဖရိကဒေသ ဖွံ့ဖြိုးရေးဘဏ်၏ နှစ်စဉ်တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ဝန်ကြီးချုပ် Mr. NarendraModiသည် အာဖရိကဒေသ ဖွံ့ဖြိုးရေးဘဏ်၏ နှစ်စဉ်တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ နယူးဒေလီမြို့တွင် သတင်းမီဒီယာသို့ အတိုချုပ်ဖော်ပြခဲ့ရာ အိန္ဒိယနိုင်ငံအနေဖြင့် အာဖရိကဒေသ ဖွံ့ဖြိုးရေးဘဏ် AfDB၏ နှစ်စဉ် တွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည့် ဆွေးနွေးပွဲသည် ဤဘဏ်တိုက်ကြီး၏ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု စီးပွားရေး အတွင်းဝန် Mr. Shaktikanta Das က ဖော်ပြခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲကို Gujarat ပြည်နယ်၊ Gandhinagarမြို့တွင် မေလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဟု အတွင်းဝန်က ဖော်ပြခဲ့သည်။ နှစ်စဉ်ပြုလုပ်နေကျ တွေ့ဆုံဆွေးနွေးပွဲများသည် ဘဏ်တိုက်၏ အကြီးမားဆုံး ဆွေးနွေးပွဲများဖြစ်ပြီး အခမ်းအနားတွင် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့ဝင် ၈၁ နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ ၃ ထောင်ခန့် လာရောက်ကြမည်ဖြစ်ကြောင်း Mr. Shaktikanta Das က ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ဘဏ်တိုက်၏ အုပ်ချုပ်ရေး ဘုတ်အဖွဲ့သည် အာဖရိကနိုင်ငံများ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးရေးဆိုင်ရာ အဓိကကျသည့် စိန်ခေါ်ချက်များနှင့် တောင့်တင်းခိုင်မာသည့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နိုင်ရန် နည်းလမ်းများအပေါ် ရှာဖွေကြံဆသွားကြရန် ဆွေးနွေးသွားမည်ဟု Mr. Shaktikanta Das က ဖော်ပြခဲ့ကြောင်း။

-×-×-×