ICJ တရားရုံးကြီးသည် ပါကစ္စတန်နိုင်ငံ၏ တရားရေးစနစ်ကို ပြင်းထန်သည့် စွပ်စွဲမှုဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု Mr. ArunJaitleyက ဖော်ပြလိုက်သည်။

KulbhushanJadhav၏ အမှုကိစ္စတွင် နိုင်ငံတကာ တရားရုံးကြီး၏ အမိန့်သည် ပါကစ္စတန်နိုင်ငံ တရားရေးနစ်၏ ပြင်းထန်သည့် စွပ်စွဲချက်တစ်ရပ်ဖြစ်ခဲ့သည်ဟု ဗဟိုအစိုးရ ဘဏ္ဍာရေးဝန်ကြီး Mr. ArunJaitleyက ဖော်ပြလိုက်သည်။ ၂ ရက်ကြာပြုလုပ်မည့် GST ကောင်စီ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် Srinagar မြို့သို့ ရောက်ရှိနေသော ဘဏ္ဍာရေး ဝန်ကြီးသည် The Hague မြို့တွင် ICJ တရားရုံးကြီးက ထုတ်ပြန်ခဲ့သော အမိန့်သည် အိန္ဒိယနိုင်ငံရပ်တည်ချက်၏ သက်သေတစ်ရပ် ဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ပါကစ္စတန်နိုင်ငံ စစ်ဖက်ဆိုင်ရာ တရားရုံးတစ်ခုအတွင်း Jadhav၏ အမှုစီရင်စစ်ဆေးချက်ကို ထင်ရှားစွာ ညွှန်းဆိုဖော်ပြရာတွင် လျှို့ဝှက်ပြီး သတင်းအမှောင်ချကာ အများပြည်သူသိရှိစေရန် လမ်းဖွင့်ထားခြင်းမရှိဘဲ လုပ်ဆောင်သည့် မည်သို့သောတရားရေး ဆောင်ရွက်မှုမဆို အလွန် တရားမမှုကင်းမဲ့ကြောင်း ပေါ်လွင်သည်ဟု Mr. ArunJaitleyက ဖော်ပြခဲ့သည်။ ယမန်နေ့တွင် နိုင်ငံတကာ တရားရုံးကြီးသည် KulbhushanJadhav၏ သေဒဏ်စီရင်ချက်ကို ၎င်း၏ နောက်ဆုံးသော ဆုံးဖြတ်ချက် ချသည်အထိ ရပ်ဆိုင်းထားခဲ့ကြောင်း။