ပျောက်ဆုံးနေသည့် အိန္ဒိယနိုင်ငံသားများသည် အီရတ်နိုင်ငံ၊ Badush အကျဉ်းထောင်ထဲတွင် ရှိကောင်းရှိနိုင်သည်ဟု မစ္စစ် Sushma Swaraj က ဖော်ပြလိုက်သည်။

တနင်္ဂနွေနေ့၌ နိုင်ငံခြားရေးဝန်ကြီး မစ္စစ် Sushma Swaraj နှင့် နိုင်ငံခြားရေး ဒုဝန်ကြီးများဖြစ်ကြသည့် Mr. M J Akbar နှင့် Mr. V K Singh တို့သည် ၂၀၁၄ ခုနှစ်ကတည်းမှ အီရတ်နိုင်ငံတွင် ပျောက်ဆုံးနေခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၃၉ ဦးတို့၏ မိသားစုများကို တွေ့ဆုံခဲ့သည်။ ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍ ဖော်ပြရာတွင် ပျောက်ဆုံးနေသည့် အိန္ဒိယနိုင်ငံသားများအနေဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်သည့် Badush ဒေသရှိ အကျဉ်းထောင်တစ်ခုထဲတွင် ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း အီရတ်နိုင်ငံမှရင်းမြစ်များက Mr. V K Singh ကို ပြောကြားခဲ့သည်ဟု မစ္စစ် Swaraj က ဖော်ပြခဲ့သည်။ ဤတွေ့ဆုံဆွေးနွေးမှုသည် ပျောက်ဆုံးနေသည့် အိန္ဒိယနိုင်ငံသားများနှင့်ပတ်သက်၍ သတင်းအချက်အလက်များရရှိရန် အီရတ်နိုင်ငံသို့ Mr. Singh သွားရောက်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ISIS တို့ထံမှ Mosul မြို့ လွတ်မြောက်သွားပြီဟု အီရတ်နိုင်ငံ ဝန်ကြီးချုပ်က ကြေညာခဲ့သည့်နေ့တွင် မစ္စစ် Swaraj သည် Mr. Singh ကို Erbil မြို့သို့သွားရောက်ရန် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးက ဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံသားများကို ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် IS စစ်သွေးကြွများက ပြန်ပေးဆွဲထားခဲ့ကြသည်ဟု ယူဆထားကြောင်း။