ဝန်ကြီးချုပ် Mr. Modi သည် အကြမ်းဖက်ကျူးလွန်နေကြသည့် နွားများ စောင့်ရှောက်ကြည့်ရှုသူ စေတနာ့ဝန်ထမ်းများကိုဆန့်ကျင်လျှက် တိကျပြတ်သားစွာ အရေးယူလုပ်ဆောင်သွားပါရန် ပြည်နယ်များကို ဖော်ပြလိုက်သည်။

နွားများကာကွယ်စောင့်ရှောက်ရေးအမည်ခံဖြင့် အကြမ်းဖက်ကျူးလွန်မှုတွင် ပါဝင်သူများကိုဆန့်ကျင်လျှက် တိကျပြတ်သားစွာ အရေးယူလုပ်ဆောင်မှု ပြုသွားရမည်ဟု ဝန်ကြီးချုပ် Mr. Narendra Modi က တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ ပါလီမန်ရေးရာဝန်ကြီး Mr. Ananth Kumar ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ်သည် ယင်းကဲ့သို့ပြုမူသူများကို ပြည်နယ်အစိုးရများကလည်း အရေးယူလုပ်ဆောင်သွားရမည်ဟု ဖော်ပြခဲ့ကြောင်း သိရှိရသည်။ နွားများကို ကာကွယ်ရန် ဥပဒေများရှိနေသော်လည်း ၎င်းဥပဒေများကို လက်တွင်းသို့ယူဆောင်ခြင်းကိုမူ လက်မခံနိုင်ကြောင်း ဝန်ကြီးချုပ်က ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ အရေးကိစ္စများကို နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည်မဟုတ်သော နိုင်ငံရေးရာနှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ အရောင်ဆိုးမှုများပြုလုပ်ရန် ကြိုးပမ်းမှုတစ်ရပ်ရှိနေကြောင်း Mr. Modi က ဖော်ပြခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်သွားရန်အတွက် အတူတကွ လက်တွဲလုပ်ဆောင်ကြပါရန်လည်း နိုင်ငံရေးပါတီများကို Mr. Modi က တောင်းဆိုတိုက်တွန်းခဲ့သည်။ နိုင်ငံတဝှမ်း ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အခွန်ဥပဒေ အကောင်အထည်ဖော်ဆောင်ရာတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဝန်ကြီးချုပ်က ကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။ ပါလီမန်လွှတ်တော်၏ မုတ်သုံရာသီ အစည်းအဝေးကာလကို လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်သည့်ကာလ ဖြစ်လာစေရာ၌ အစိုးရကို အကူအညီပေးကြပါရန်လည်း Mr. Modi က နိုင်ငံရေးပါတီများကို တောင်းဆိုဖော်ပြခဲ့ကြောင်း။