စီးပွားရေး စစ်တမ်း အတွဲ ၂ တွင် ယခုဘဏ္ဍာရေးနှစ်အတွက် ၇.၅ % ဖွံ့ဖြိုးမှုမျှော်မှန်းချက်ကို ဖော်ဆောင်ရန် ခက်ခဲမည်ဟု ဝန်ခံဖော်ပြထားသည်။

သောကြာနေ့တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေး စစ်တမ်း အတွဲ ၂ ကို ပါလီမန်လွှတ်တော်တွင် တင်သွင်းခဲ့သည်။ ရူပီးငွေတန်ဖိုး မြင့်တက်ခြင်း၊ လယ်ယာကဏ္ဍ ချေးငွေများ ရေလျှော်ပေးခြင်းနှင့် GST စနစ် အကောင်အထည်ဖော်ဆောင်ရာမှ အပြောင်းအလဲ ကြားကာလ စိန်ခေါ်ချက်များရှိသည့်အတွက် ယခင်ကခန့်မှန်းထားသည့် ဖွံ့ဖြိုးမှုမြင့်မားသည့် ၆.၇၅ ရာနှုန်းမှ ၇.၅ ရာနှုန်းတို့အကြား ဖော်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု ဖော်ပြထားသည်။ သို့သော်လည်း စစ်တမ်းသည် GST စနစ် ကျင့်သုံးမှုစတင်ခြင်း၊ တန်ဖိုးကြီးငွေစက္ကူများ ဖျက်သိမ်းခြင်း၏ အကျိုးပြု သက်ရောက်မှုများ၊ Air India လေကြောင်းလိုင်းကို ပုဂ္ဂလိက ကဏ္ဍသို့လွှဲပြောင်းရန် စည်းမျဉ်းများ ဆုံးဖြတ်ခြင်း၊ လျှပ်စစ်ဓာတ်အား အစိုးရ ထောက်ပံ့ကြေးတို့တွင် နောက်ထပ် ပံ့ပိုးမှုများပြုလုပ်ခြင်းတို့ကဲ့သို့ အမျိုးမျိုးသော အချက်အလက်များဖြင့် အိန္ဒိယစီးပွားရေးကဏ္ဍတွင် တည်ဆောက်ပုံဆိုင်ရာ မွမ်းမံချက်များနှင့်ပတ်သက်၍ အပြုသဘောဆောင် ထင်မြင်ချက်တစ်ရပ်ကို ဖော်ပြထားကြောင်း။