ပါကစ္စတန်နိုင်ငံသည် Kashmir တောင်ကြားဒေသအတွင်း မတည်မငြိမ်ဖြစ်စေရန် အကြမ်းဖက်မှု ငွေကြေးပံ့ပိုးခြင်းမှတဆင့် ကြိုးပမ်းလျှက်ရှိကြောင်း ပါလီမန်ရေးရာ အဖွဲ့ကဖော်ပြလိုက်သည်။

PoK ခေါ် ပါကစ္စတန်နိုင်ငံက သိမ်းပိုက်ထားသည့် Kashmir ဒေသ၏ အချို့ဒေသများကို တရားမဝင် သိမ်းယူထားပြီးနောက် Kashmir တောင်ကြားဒေသအတွင်း မတည်ငြိမ်မှုများပေါ်ပေါက်စေရန် အကြမ်းဖက်မှု ငွေကြေးပံ့ပိုးခြင်းနှင့် အကြမ်းဖက်သမားများကို ပံ့ပိုးခြင်းတို့ဖြင့် ကြိုးပမ်းမှုများ ပြုလုပ်နေကြောင်း ပါလီမန်ရေးရာ အဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။ Kashmir တောင်ကြားဒေသအတွင်း ခိုင်လုံမှုကင်းမဲ့ပြီး အခြေအမြစ်မရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များဖြင့် ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ Jammu နှင့် Kashmir ပြည်နယ်ဒေသနှင့်ပတ်သက်၍ မှားယွင်းသည့် သတင်းဖော်ပြချက်များ ဖန်တီးပြုလုပ်ရန် ကြိုးပမ်းနေခဲ့ကြောင်း ပါလီမန်လွှတ်တော်တွင် ယမန်နေ့၌ တင်သွင်းခဲ့သည့် နိုင်ငံခြားရေး ကော်မတီအဖွဲ့၏ အစီရင်ခံချက်တွင် ဖော်ပြထားသည်။ အကယ်၍ ပါကစ္စတန်နိုင်ငံသည် ၎င်းတို့လုပ်ဆောင်နေသည့် နည်းလမ်းများကို ပြင်ဆင်ခြင်းမရှိလျှင် ဤအခြေအနေသည် Gilgit-Baltistan ဒေသ အပါအဝင် PoK ဒေသနှင့်ပတ်သက်၍ နိုင်ငံ၏ မှန်ကန်စွာ ဖော်ပြနေချက်ကို တရားဝင်ဖြစ်လာစေရန် အိန္ဒိယနိုင်ငံအတွက် အချိန်ကျရောက်ပြီဖြစ်သည်ဟု Dr. Shashi Tharoor ဦးဆောင်သည့် ကော်မတီအဖွဲ့၏ ခိုင်မာလှသော ထင်မြင်ယူဆလျှက်ရှိကြောင်း။