မုတ်သုန်ရာသီ အစည်းအဝေးကာလ ပြီးဆုံးမှုနှင့်အတူ ပါလီမန်လွှတ်တော် ၂ ရပ်စလုံးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်။

မုတ်သုန်ရာသီ အစည်းအဝေးကာလ ပြီးဆုံးသွားပြီးနောက် ပါလီမန်လွှတ်တော် ၂ ရပ်စလုံးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်။ လွှတ်တော်ရွှေ့ဆိုင်းကြောင်း ကြေညာရာတွင် အောက်လွှတ်တော် ဥက္ကဌ မစ် Sumitra Mahajan သည် ယခုအစည်းအဝေးကာလတွင် လွှတ်တော်အနေဖြင့် ရုံးထိုင်စည်းဝေးမှု ၁၉ ခုရှိခဲ့ပြီး ၇၁ နာရီ ကြာမြင့်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယခုနှစ် မုတ်သုန်ရာသီ အစည်းအဝေးကာလတွင် ဥပဒေမူကြမ်း ၁၇ ခုတို့ကို တင်သွင်းခဲ့ပြီး ၁၄ ခုတို့ကို အတည်ပြုခဲ့ကြောင်း သူမက ဖော်ပြခဲ့သည်။ နာရီပေါင်း ၃၀ နီးပါးတို့သည် အနှောင့်အယှက်များရှိသည့်အတွက် အချီးနှီးဖြစ်ခဲ့ရသည်ဟုလည်း သူမက ဖော်ပြခဲ့သည်။ မေးခွန်းမေးမြန်းချိန်အပြီး စာရွက်စာတမ်းများကို အစီအစဉ်တကျ သိမ်းဆည်းခဲ့နောက် လွှတ်တော်ဥက္ကဌသည် လွှတ်တော်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။ အထက်လွှတ်တော်သည်လည်း သောကြာနေ့တွင် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။ ဥက္ကဌသစ်ဖြစ်သူ Mr. Venkaiah Naidu သည် ရုံးတော်တာဝန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် လွှတ်တော်ကို ရွှေ့ဆိုင်းခဲ့ကြောင်း။