အိန္ဒိယနိုင်ငံသည် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အတွက် ထင်ရှားကျော်ကြားသည်ဟု နိုင်ငံခြားရေးဝန်ကြီး မစ် Sushma Swaraj က ဖော်ပြလိုက်သည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံ၏ ရင့်ကျင့်မှုရှိပြီး အောင်မြင်သည့် ဒီမိုကရေစီစနစ်အတွက်သာမက ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အတွက်လည်း ထင်ရှားကျော်ကြားလျှက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး မစ် Sushma Swaraj က ဖော်ပြလိုက်သည်။ ယမန်နေ့ ညနေပိုင်း၌ ခတ္တမန္ဓုမြို့ရှိ အိန္ဒိယသံရုံးတွင်ပြုလုပ်ခဲ့သော နှစ်ပေါင်း ၇၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြုရန် အထူး အခမ်းအနားတစ်ခုသို့ အမှာစကားပြောကြားခဲ့ရာ လွတ်လပ်ရေး ရရှိခဲ့သည့်အချိန်မှစ၍ အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်အားလုံးတို့သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထမ်းဆောင်ခဲ့ကြကြောင်း ဝန်ကြီးက ဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်သည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးမှု အကျိုးကျေးဇူးများ ရရှိကြစေရန် စိတ်ဆန္ဒရှိကြောင်း မစ္စစ် Swaraj က ဖော်ပြခဲ့သည်။ နီပေါနိုင်ငံသည် ဒီမိုကရေစီ အစိုးရပုံစံအဖြစ် ချမှတ်ကျင့်သုံးနေပြီး ဤစနစ် အောင်မြင်စေရန် အိန္ဒိယနိုင်ငံက ဆန္ဒမွန်ပြုလျှက်ရှိသည်ဟု ဝန်ကြီးက ဖော်ပြခဲ့ကြောင်း။