ခတ္တမန္ဓု မြို့ရှိ အိန္ဒိယသံရုံးသည် ကောင်စစ်ဝန် စခန်းများကို ဖွဲ့စည်းလိုက်ကြသည်။

ခတ္တမန္ဓု မြို့ရှိ အိန္ဒိယသံရုံးသည် Bhairahawa၊ Butwal နှင့် Bharatpur မြို့တို့တွင် စက်တင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကောင်စစ်ဝန် စခန်းများကို ဖွဲ့စည်းခဲ့ကြသည်။ အဆိုပါဌာနများ၌ ဤမြို့များနှင့် အနီးဝန်းကျင်ဒေသများတွင် နေထိုင်နေကြသည့် အိန္ဒိယနိုင်ငံသား ၆၀၀ ကျော်တို့ကို မှတ်ပုံတင် စာရင်းသွင်းရေး ဝန်ဆောင်ပေးမှုများ ပြုလုပ်ပေးခဲ့သည်။ အခြားသော ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အချက်အလက်နှင့် အကြံပြုချက်များကိုလည်း ၎င်းဌာနများက ပေးကမ်းခဲ့သည်။ ဤဌာနများသည် Bhairahawa မြို့ ရောင်းဝယ်ဖောက်ကားရေး ကုန်သည်ကြီးများအဖွဲ့၊ Butwal မြို့ ရောင်းဝယ်ဖောက်ကားရေး ကုန်သည်ကြီးများအဖွဲ့နှင့် Bharatpur ဆေးတက္ကသိုလ်တို့နှင့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်များပြုလုပ်ခဲ့ကြသည်။ နီပေါနိုင်ငံ၏ အိန္ဒိယနိုင်ငံသားများ အဖွဲ့အစည်း ICAN ဆိုင်ရာ ဒေသန္တရ အဖွဲ့အစည်းများသည်လည်း စခန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် သံရုံးအဖွဲ့ကို အကူအညီပေးခဲ့ကြသည်။ အလားတူ စခန်းဌာနကို စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် Pokhara ဒေသ၌ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း။