ယနေ့ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe သည် အိန္ဒိယ-ဂျပန် နှစ်ပတ်လည် ထိပ်သီးညီလာခံတက်ရောက်ရန် Ahmedabad မြို့တွင် ရောက်ရှိလျှက်ရှိသည်။ ၎င်းကို ဝန်ကြီးချုပ် Mr. Narendra Modi က ကြိုဆိုလက်ခံသွားမည်ဖြစ်သည်။

ယနေ့ ဝန်ကြီးချုပ် Mr. Narendra Modi သည် Gujarat ပြည်နယ်၊ Ahmedabad မြို့တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe ကို လက်ခံကြိုဆိုသွားမည်ဖြစ်သည်။ Mr. Abe သည် အိန္ဒိယ-ဂျပန် နှစ်ပတ်လည် ထိပ်သီးညီလာခံ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန် ၂ ရက်ကြာခရီးစဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ လာရောက်လျှက်ရှိသည်။ Mr. Modi နှင့် Mr. Abe တို့အကြား စတုတ္ထအကြိမ် ဆွေးနွေးပွဲဖြစ်မည့် ၁၂ ကြိမ်မြောက် ညီလာခံကို Gandhinagar မြို့တွင် မနက်ဖြန် ကျင်းပသွားမည်ဖြစ်သည်။ ခေါင်းဆောင် ၂ ဦးတို့သည် ၎င်းတို့၏ ‘အထူးမဟာဗျူဟာရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး’ လုပ်ငန်းဘောင်အောက်တွင် အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့အကြား ကဏ္ဍစုံ ဖက်စပ်လုပ်ဆောင်မှုတို့မှ လတ်တလော တိုးတက်မှု အခြေအနေများကို သုံးသပ်ပြီး ၎င်းလုပ်ဆောင်ချက်၏ အနာဂတ် လမ်းညွှန်ချက်များကို သတ်မှတ်ဖော်ထုတ်သွားကြမည်ဖြစ်သည်။ Mr. Modi နှင့် Mr. Abe သည် Ahmedabad မြို့နှင့် Mumbai မြို့တို့အကြား အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော အထူးအမြန်ရထား Bullet Train စီမံကိန်းဆိုင်ရာ လုပ်ငန်းစတင်မှု အထိမ်းအမှတ် အခမ်းအနားတစ်ခုကိုလည်း တက်ရောက်သွားကြမည်ဖြစ်ကြောင်း။