ဝန်ကြီးချုပ်သည် အိန္ဒိယနိုင်ငံကို သန့်ရှင်းသပ်ရပ်သည့်နိုင်ငံ ပြုလုပ်ဆောင်ရွက်သွားကြပါရန် ဝန်ကြီးများကို ဖော်ပြလိုက်သည်။

အင်္ဂါနေ့၌ ဝန်ကြီးချုပ် Mr. Narendra Modi သည် အိန္ဒိယနိုင်ငံကို သန့်ရှင်းသပ်ရပ်သည့်နိုင်ငံ ပြုလုပ်ဆောင်ရွက်သွားကြပါရန်နှင့်  နိုင်ငံတဝှမ်းတွင် စက်တင်ဘာလ ၁၅ ရက်နေ့၌ စတင်လျှက် ၂ ပတ်ကြာပြုလုပ်မည့် “Swachhta hi Seva” လုပ်ဆောင်မှုအနေဖြင့် အောင်မြင်မှု အကျိုးဖြစ်ထွန်းကြောင်း သေချာစေရန်တို့အတွက် ၎င်း၏ဝန်ကြီးများကောင်စီအဖွဲ့ကို တိုက်တွန်းဖော်ပြလိုက်သည်။ ဝန်းကျင်သန့်ရှင်း သပ်ရပ်စေရေးသည် “တစ်ဦးစီတိုင်း၏ အလုပ်တာဝန်” ဖြစ်စေရန်အတွက် ‘အိန္ဒိယနိုင်ငံ သန့်ရှင်းရေး မစ်ရှင်’ ဆောင်ရွက်မှု တတိယအကြိမ် နှစ်ပတ်လည်အထိမ်းအမှတ်ပြုလျှက် နိုင်ငံအတွင်း၌ စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ သီတင်းပတ် ၂ ပတ်ကြာ သန့်ရှင်းရေး အခါသမယကို ကျင်းပလိမ့်မည်ဖြစ်သည်။ အဆိုပါ ၂ ပတ်ကြာ သန့်ရှင်းရေးကာလ၏ တစိတ်တပိုင်းဖြစ်သော အဆိုပြုလျာထားချက်တစ်ရပ်တွင် ခရစ်ကတ်၊ ဟော်ကီ၊ ဘောလုံးနှင့် ကြက်တောင်ရိုက် အားကစားများအပါအဝင် အားကစားကဏ္ဍအသီးသီးတို့မှ နိုင်ငံတော် အားကစားအသင်းများကို ရပ်ကွက်ဒေသတစ်ခုအား သန့်ရှင်းရေး တာဝန်ယူလုပ်ဆောင်သွားကြပါရန် တောင်းဆိုတိုက်တွန်းချက်လည်း ပါဝင်လျှက်ရှိသည်။ အများပြည်သူနှင့် ခရီးသွား ဒေသများ၊ ဈေးများ၊ ရုပ်တုများ၊ ဆေးရုံများနှင့် ဘတ်စကားမှတ်တိုင်များ သန့်ရှင်းရေးတို့အတွက် အပြင်းအထန် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်သွားရန်လည်း အကြံပြုခဲ့ပြီး ‘Swachh Bharat’ လုပ်ဆောင်ချက်တွင် ပါဝင်လုပ်ဆောင်ရန်အတွက် လူထုစည်းရုံးမှုများပြုလုပ်သွားရန် ဝန်ကြီးများကို တိုက်တွန်း တောင်းဆိုခဲ့ကြောင်း။