အိန္ဒိယနိုင်ငံသည် ရိုဟင်ဂျာ အရေးကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီအဖွဲ့၏ ဝေဖန်ချက်များကို ငြင်းဆိုလိုက်သည်။

 

ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်ပို့ရန်ဖြစ်သော အိန္ဒိယနိုင်ငံအစိုးရ၏ အစီအစဉ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝေဖန်ဖော်ပြခဲ့ပြီးနောက် တစ်ရက်အကြာ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Mr. Syed Akbaruddin က ငဲ့ညှာထောက်ထားမှုကင်းမဲ့ခြင်းအတွက် တရားဥပဒေများ အကောင်အထည်ဖော် လုပ်ဆောင်ချက်ကို အထင်အမြင်မလွဲမှားသင့်ကြောင်း ပြောဆိုခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းကြီးသည် အကြမ်းဖက်ဝါဒ၏ ဗဟိုအချက်အချာကဏ္ဍကို မျက်ကွယ်ပြုထားသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံသည် သီးခြားအားဖြင့် လုံခြုံရေး စိန်ခေါ်ချက်များ ဖြစ်ပေါ်စေနိုင်သည့် အလားအလာရှိသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်နေကြောင်းလည်း Mr. Akbaruddin က ဖော်ပြခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာ အကဲဖြတ်ဖော်ပြချက်များသည် နိုင်ငံရေးရာ အဆင်ပြေ ချောမွေ့စေရေး ကိစ္စတစ်ရပ်ဖြစ်ရမည်မဟုတ်ဟုလည်း Mr. Akbaruddin က ဖော်ပြခဲ့ကြောင်း။