“Indo-Belarus နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်မြင့်မားမှု လမ်းကြောင်းပေါ် ရှိနေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Sunil Gatade ဝေဖန်ရေးသားပေးပို့ထားတဲ့ “Indo-Belarus နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်မြင့်မားမှု လမ်းကြောင်းပေါ် ရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးကို အားဖြည့်ပေးမှုတခု ပြုလုပ်လျှက်၊ အိန္ဒိယနှင့် Belarus နိုင်ငံတို့သည် ကျယ်ပြန့်သော နယ်မြေတို့၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့စေဖို့ရာ သဘောတူစာချုပ် (၁၀) ခုခန့် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မကြာသေးမှီလေးကဘဲ ပြီးဆုံးသွားခဲ့တဲ့ Belarus နိုင်ငံသမ္မတ Mr. Alexander Lukashenko ရဲ့ အလည်အပါတ် ခရီးစဉ်အတွင်း အဓိက မီးမောင်းထိုးပြရမယ့် အကြောင်းအချက်တခုကတော့ ကာကွယ်ရေးနယ်ပယ်မှာ ပူးတွဲဖွံ့ဖြိုးရေးနဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးကို စူးစမ်းလေ့လာဖို့ ဆုံးဖြတ်ခဲ့ဒါဘဲ ဖြစ်ပါတယ်။

New Delhi အစိုးရဟာ ရည်မှန်းချက်မြင့်မားတဲ့ “Make in India” သို့မဟုတ် “အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်သည်” အစီအစဉ်ကို ခြေချလုပ်ကိုင်နေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံဟာ Belarus နိုင်ငံနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ တိုးများလာတဲ့ အလားအလာတခု ရှိနေတာကို သိရှိနားလည်လာခဲ့ပြီး၊ အထူးသဖြင့် Belarus နိုင်ငံဟာ ကုန်ထုတ်လုပ်မှုနဲ့ နည်းပညာရေးရာ ပံ့ပိုးမှုတွေကို ဆိုဗီယက်ပြည်ထောင်စုခေတ်ကာလမှ ရရှိထားတယ်ဆိုတဲ့ အချက်အား ရှု့မြင်သုံးသပ်ခဲ့လို့ဘဲ ဖြစ်ပါတယ်။ အလေးအနက် ပြောကြားစဉ် ဝန်ကြီးချုပ် Mr. Narendra Modi နဲ့ အလည်အပါတ်ရောက်ရှိနေတဲ့ Belarus နိုင်ငံသမ္မတ Mr. Lukashenko တို့ဟာ နှစ်နိုင်ငံတို့အကြား ဦးမော့နေတဲ့ စီးပွားရေးအပေါ် အာရုံပြုပြီး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို အားဖြည့်ခိုင်မာစေရန် ကြီးမားတဲ့ အလားအလာရှိနေဒါကို သဘောတူခဲ့ကြပါတယ်။

Mr. Modi ဟာ ယခုဆွေးနွေးပွဲကို ကျယ်ပြန့်ပြီး အရှေ့သို့ မျှော်မှန်းတဲ့ ဆွေးနွေးပွဲတွေ ဖြစ်တယ်လို့ ခေါ်တွင်နေတဲ့အချိန်မှာ Belarus နိုင်ငံသမ္မတက မိမိတို့နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ရေး “အဆင့်သစ်” ရဲ့ တံခါးဝမှာ တည်ရှိနေတယ်လို့ ကြေညာခြင်းဖြင့် ပစ်မှတ်ပေါ် တိကျစွာ ထိမှန်စေလိုက်ပါတယ်။ Belarus နိုင်ငံသမ္မတဟာ အိန္ဒိယနိုင်ငံကို ဘက်စုံပါဝင်တဲ့ ကမ္ဘာမှာ အင်အားကြီးမားတဲ့ တိုင်းလုံးကြီးပမာ ပေါ်ထွန်းလာစေလိုပါတယ်။ အိန္ဒိယနိုင်ငံသမ္မတဟောင်း Mr. Pranab Mukherjee က လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် မေလပိုင်းမှာ Belarus နိုင်ငံကို သွားရောက်လည်ပါတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Belarus နိုင်ငံနဲ့ ဆက်ဆံရေးဟာ ထုံးတမ်းအစဉ်အလာအရ နွေးထွေးပြီး လေးစားပြူငှာမှု ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုနဲ့ ခွဲထွက်လာပြီးတဲ့နောက် Belarus နိုင်ငံကို အိန္ဒိယနိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ပထမဆုံး အသိအမှတ်ပြုကြတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ တရားဝင် သံတမန်ရေးရာ ဆက်ဆံမှုတွေ တည်ဆောက်ပြီး အိန္ဒိယသံရုံးကို ၁၉၉၂ ခုနှစ်အတွင်း Minsk မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ Belarus နိုင်ငံက သူတို့ရဲ့ သံရုံးကို New Delhi မြို့မှာ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။

Belarus နိုင်ငံသမ္မတရဲ့ အိန္ဒိယနိုင်ငံကို တတိယအကြိမ် လာရောက်လည်ပါတ်ခြင်းကလည်း နှစ်နိုင်ငံစလုံးက သံတမန်ရေးရာ ဆက်ဆံမှု တည်ဆောက်ခဲ့သည့် (၂၅) နှစ်မြောက် နှစ်ပါတ်လည် အခမ်းအနားကို ခင်းကျင်းနေတုန်း ရောက်ရှိခြင်း ဖြစ်ဒါမို့ ထူးကဲတဲ့ ခရီးစဉ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီခရီးစဉ်ရဲ့ ထင်ရှားမှုတခုကတော့ ဝန်ကြီးချုပ် Mr. Modi နဲ့ သမ္မတ Mr. Lukashenko တို့က ဒီနှစ်ပါတ်လည် အထိမ်းအမှတ် တံဆိပ်ခေါင်းတခု ထုတ်ဝေခဲ့ကြဒါဘဲ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူစာချုပ်တွေဟာ ရေနံနဲ့ ဓါတ်ငွေ့၊ စိုက်ပျိုးရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ပညာရေးနဲ့ အားကစား အပါအဝင် နယ်ပယ်အမျိုးမျိုးတို့မှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ အခွင့်လမ်း ပေးဆောင်ထားပါတယ်။ နှစ်ဖက်စလုံးတို့ဟာ “Make in India” စီမံကိန်း အစပျိုးမှုအောက် ကာကွယ်ရေး နယ်ပယ်မှာ ပူးတွဲဖွံ့ဖြိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးတွေကို အားပေးအားမြောက် ပြုလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

အိန္ဒိယ ရင်းနှီးမြှပ်နှံသူတွေကို Belarus နိုင်ငံသို့ ဖိတ်ခေါ်ရာမှာ သမ္မတ Mr.Lukashenko က သူတို့ကို အလုပ်လုပ်ကိုင်နိုင်ဖို့ရာ အကောင်းဆုံးလိုလား ကြိုက်နှစ်သက်ပြီး၊ အသင့်တော်ဆုံး ကန့်သတ်ချက်တွေ ချမှတ်ပေးကမ်းမယ် ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ Belarus နိုင်ငံနဲ့ Eurasian Economic Union (EEU) နဲ့ နိုင်ငံတကာ မြောက်တောင် သယ်ယူပို့ဆောင်ရေး စင်္ကြံတွေလို နိုင်ငံပေါင်းစုံ စီးပွားရေးအစပျိုး လုပ်ကိုင်မှုအောက် ဆက်နွယ်လျှက် ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာ EEU နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်နဲ့ပါတ်သက်၍ စေ့စပ်ညှိနှိုင်းမှုတွေ ရှိနေပါတယ်။ Belarus နိုင်ငံဟာ လွမ်းမိုးမှုရှိသော ဗဟိုအာရှအုပ်စုအဖြစ် ယူဆကြတဲ့ အဖွဲ့ဝင် (၅) နိုင်ငံရှိ EEU ရဲ့ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယနဲ့  Belarus နိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်ရေးဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း အများဆုံး အမေရိကန်ဒေါ်လာပေါင်း (၄၀၂) သန်းခန့်အထိ ရှိခဲ့ပါတယ်။ ဆေးဝါးပစ္စည်းတွေနဲ့ ရေနံနဲ့ ဓါတ်ငွေ့ အပါအဝင် နယ်ပယ်အဖြာဖြာတို့မျာ ပေါကြွယ်ဝတဲ့ ရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများစွာ ရှိနေပါတယ်။

စီးပွားရေးဆိုင်ရာ ဆက်ဆံမှုမှာ လေးနက်မှုသစ်တခု ပေးဖို့ ရှာဖွေလျှက် အိန္ဒိယဝန်ကြီးချုပ်ဟာ မှန်ကန်စွာဘဲ နှစ်ဖက်စလုံးမှ ကုမ္ပဏီတွေအနေနဲ့ ရောင်းသူ-ဝယ်သူ လုပ်ငန်းဘောင်ကနေ ပိုမိုနက်ရှိုင်းတဲ့ စေ့စပ်မှုတွေ ရရှိစေရမယ်လို့ အလေးအနက် ဖော်ပြခဲ့ပါတယ်။ နှစ်ဖက်စလုံးတို့ အနေနဲ့ နှစ်နိုင်ငံအကြား သဘာဝ ဖြည့်ဆည်းပြီးဆုံးမှုအပေါ် တည်ဆောက်နိုင်ဖို့ရာ ဖော်ပြပါ အချက်က အလွန်လိုအပ်ပါတယ်။

နိုင်ငံရေးဘက်မှာဆိုရင်လည်း ခေါင်းဆောင်နှစ်ဦးတို့ဟာ ဘက်စုံ အခန်းကဏ္ဍတွေမှာ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမဲ့ အရေးကိစ္စတွေကို နီးကပ်စွာ ပူးပေါင်းလုပ်ကိုင်ဖို့ သဘောတူခဲ့ကြပါတယ်။ နှစ်နိုင်ငံတို့အကြား နိုင်ငံတကာအရေးကိစ္စတွေ၊ နိုင်ငံပေါင်းစုံဆိုင်ရာနဲ့ ဒေသပိုင်းဆိုင်ရာ အရေးကိစ္စတွေမှာ အလွန်ကောင်းမွန်တဲ့ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး နိုင်ငံတကာနဲ့ ဒေသပိုင်းဆိုင်ရာ အရေးကိစ္စတွေနဲ့ ပါတ်သက်ပြီး ထူးကဲလှတဲ့ ထပ်တူထပ်မျှ ရှုမြင်သုံးသပ်မှုတွေ ရှိနေပါတယ်။ Belarus နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ကုလသမဂ္ဂမှာ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာရေးအတွက် ကြိုးပမ်းမှုကို ထောက်ခံနေတဲ့ နိုင်ငံဖြစ်ပါတယ်။ Belarus နိုင်ငံက အိန္ဒိယနိုင်ငံကို အနုမြူဖြန့်ဖြူးရေးအုပ်စု (NSG) မှာ ပါဝင်လာရေးကိုလည်း ထောက်ခံခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက Belarus နိုင်ငံကို ဘက်မလိုက် လှုပ်ရှားမှု (NAM) မှာ အဖွဲ့ဝင်ဖြစ်လာရေးကို ထောက်ခံခဲ့ပြီး၊ Inter Parliamentary Union (IPU) လို နိုင်ငံတကာနဲ့ ဘက်စုံပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်ဖြစ်လာရေးကိုလည်း ထောက်ခံခဲ့ပြီး၊ ဒီလိုထောက်ပံ့ ရပ်တည်ဒါကို Minsk အစိုးရက အလေးအမြတ်ထားရှိခဲ့ပါတယ်။

Geneva နဲ့ New York မြို့တွေမှာ Belarus နိုင်ငံကို လူ့အခွင့်အရေးများ ချိုးဖောက်မှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းတို့အပေါ် ကန့်သတ်ချက် ချမှတ်ခြင်းနဲ့ပါတ်သက်ပြီး ပစ်မှတ်ထား ထိုးနှက်ခဲ့ကြတဲ့အခါမှာ အိန္ဒိယနိုင်ငံက Belarus နိုင်ငံဘက်က ရပ်တည်ခဲ့ဒါကြောင့် Belarus နိုင်ငံက ကျေးဇူးတင်ရှိခဲ့ပါတယ်။ Belarus နိုင်ငံဟာ အိန္ဒိယနိုင်ငံကို ပေါ်ထွန်းလာနေတဲ့ ကမ္ဘာ့စွမ်းအားရှင်နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး၊ အိန္ဒိယနိုင်ငံနဲ့ နည်းဗျူဟာကျ ဆက်ဆံမှုတွေ တည်ဆောက်ဖို့ တောင်းဆိုနေပါတယ်။ မကြာသေးမှီက ပြီးဆုံးသွားခဲ့တဲ့ Belarus နိုင်ငံသမ္မတရဲ့ ခရီးစဉ်ဟာ ဒီအကြောင်းကို အချက်ပြခဲ့ပါတယ်။ ဇွဲလုံ့လရှိတဲ့ ကြိုးပမ်းမှုတွေက၊ စီးပွားရေး စေ့စပ်လုပ်ကိုင်မှုတွေကို အမြန်လမ်းကြောင်းပေါ် ရောက်ရှိစေခဲ့ပါတယ်။ လက်ရှိအခြေအနေဟာ နှစ်နိုင်ငံစလုံးတို့အတွက် အရှုံးမရှိ အနိုင်-အနိုင် အနေအထားကို ပေးဆောင်နေပါတယ်။ စသည်ဖြင့် ဆောင်းပါးရှင် Sunil Gatade ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။