ဗဟိုအစိုးရ ကတ်ဘိနက်အဖွဲ့သည် တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များနှင့် အစိုးရ ကောလိပ်ကျောင်းများမှ ဆရာ/မများနှင့် အခြားသော ပညာရေးဝန်ထမ်းများအတွက် အကျိုးခံစားခွင့်ပေးထားသည့် သတ္တမအကြိမ် ဝန်ထမ်းလစာဆိုင်ရာ ဆုံးဖြတ်ရေး ကော်မရှင်အဖွဲ့ကို အတည်ပြုလိုက်သည်။

ဗဟိုအစိုးရ ကတ်ဘိနက်အဖွဲ့သည် တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များနှင့် အစိုးရ ကောလိပ်ကျောင်းများမှ ဆရာ/မများနှင့် အခြားသော ပညာရေးဝန်ထမ်းများအတွက် အကျိုးခံစားခွင့်ပေးထားသည့် သတ္တမအကြိမ် ဝန်ထမ်းလစာဆိုင်ရာ ဆုံးဖြတ်ရေး ကော်မရှင်အဖွဲ့ကို အတည်ပြုလိုက်သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အကြုံးဝင်သွားမည်ဖြစ်သည်။ ဤစီမံချက်နှင့်ပတ်သက်၍ နှစ်စဉ်ပေးအပ်သည့် ဗဟိုအစိုးရ ငွေကြေးဆိုင်ရာ ပေးအပ်နိုင်သည့်ပမာဏသည် ရူပီးငွေ ကုဋေ ၉၈၀၀ ခန့် ရှိမည်ဖြစ်သည်။ ဤဆုံးဖြတ်ချက်မှ ကျောင်းဆရာ/မ စုစုပေါင်း ၇.၅ သိန်းကျော်တို့ကို ခံစားခွင့်ရရိစေမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုအပြီး၌ နယူးဒေလီမြို့တွင် သတင်းစာနယ်ဇင်းသမားတို့အား ပြောကြားစဉ် လစာငွေ သတ်မှတ်ချက်အသစ်အရ ကျောင်းဆရာ/မများ၏ လစာငွေသည် ၁ သောင်းမှ ၅ သောင်းအထိ တိုးမြှင့်သွားမည်ဟု လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Prakash Javadekar က ဖော်ပြခဲ့ကြောင်း။