ဝန်ကြီးချုပ်အတွက် စီးပွားရေး အကြံပေးကောင်စီသည် အစိုးရကို ငွေကြေးဆိုင်ရာ တောင့်တင်းခိုင်မာရေး လမ်းပြမြေပုံ ဖော်ဆောင်စေလိုလျှက်ရှိသည်။

ဝန်ကြီးချုပ်အတွက် စီးပွားရေး အကြံပေးကောင်စီသည် အစိုးရကို ငွေကြေးဆိုင်ရာ တောင့်တင်းခိုင်မာရေး လမ်းပြမြေပုံ ဖော်ဆောင်စေလိုလျှက်ရှိပြီး စက်မှုလုပ်ငန်းကဏ္ဍဆိုင်ရာ လှုံ့ဆော်လုပ်ဆောင်ချက်များသည် ငွေကြေးဆိုင်ရာ မှန်းဆနိုင်မှု ဆုံးရှုံးရသည့်အခြေအနေတို့တွင် မဖြစ်သင့်ကြောင်း အကြံပြုဖော်ပြခဲ့သည်။ အဆိုပါကောင်စီသည် ပထမဆုံးအကြိမ်အဖြစ် ယမန်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာနယ်ဇင်းသမားများသို့ပြောကြားခဲ့ရာ ကောင်စီသည် စီးပွားရေး ပြဿနာရပ်များအတွက် အကောင်အထည်ဖော်ဆောင်နိုင်သည့် ဖြေရှင်းချက်များနှင့်အတူ ထွက်ပေါ်လာကြမည်ဖြစ်ပြီး ၎င်းတို့ကို ဝန်ကြီးချုပ်ထံသို့ တင်ပြသွားမည်ဖြစ်သည်ဟု ကောင်စီဥက္ကဌ Mr. Bibek Debroy က ဖော်ပြခဲ့ကြောင်း။