သမ္မတ Mr. Kovind သည် ၂ ရက်ကြာပြုလုပ်မည့် ယနေ့စတင်လျှက်ရှိသည့် အုပ်ချုပ်ရေးအရာရှိများ ညီလာခံ အခမ်းအနားကို ကြီးမှူးကျင်းပသွားမည်ဖြစ်သည်။

သမ္မတ Mr. Ram Nath Kovind သည် Rashtrapati Bhavan ခေါ် သမ္မတအိမ်တော်ယာတွင် ၂ ရက်ကြာပြုလုပ်မည့် ယနေ့စတင်လျှက်ရှိသည့် အုပ်ချုပ်ရေးအရာရှိများ ညီလာခံ အခမ်းအနားကို ကြီးမှူးကျင်းပသွားမည်ဖြစ်သည်။  ဤညီလာခံသည် အရေးကြီးသည့် ဆွေးနွေးရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အစည်းအဝေးအသီးသီးတို့တွင် ဆွေးနွေးသွားကြမည်ဖြစ်သည်။ အဖွင့်စည်းဝေးပွဲ၏ နောက်ခံဆောင်ပုဒ်သည် “အိန္ဒိယနိုင်ငံသစ်-၂၀၂၂” ဖြစ်သွားမည်ဖြစ်သည်။ ဒုသမ္မတ Mr. ွM Venkaiah Naidu နှင့် ဝန်ကြီးချုပ် Mr. Narendra Modi တို့သည်လည်း အစည်းအဝေးများတွင် ပါဝင်တက်ရောက်ပြီး ညီလာခံသို့ မိန့်ခွန်းပြောကြားသွားကြမည်ဖြစ်ကြောင်း။