ဝန်ကြီးချုပ် Mr. Modi သည် ဩစတြေးလျားနိုင်ငံ ဝန်ကြီးချုပ် Mr. Malcolm Turnbul နှင့်အတူ နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၁၂ ကြိမ်မြောက် အရှေ့အာရှ ညီလာခံနှင့် ၁၅ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ညီလာခံ အခမ်းအနားများကို ယနေ့ တက်ရောက်သွားရန်ရှိသည်။

အင်္ဂါနေ့ မနက်ပိုင်းတွင် ဝန်ကြီးချုပ် Mr. Modi သည် ဩစတြေးလျားနိုင်ငံ ဝန်ကြီးချုပ် Mr. Malcolm Turnbul နှင့်အတူ နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးကြစဉ် နှစ်ဖက်စလုံးတို့သည် နှစ်နိုင်ငံဆိုင်ရာ၊ ဒေသပိုင်းဆိုင်ရာနှင့် နိုင်ငံတကာ အရေးကိစ္စများအပါအဝင် နှစ်ဦးနှစ်ဝ အကျိုးစီးပွားဆိုင်ရာ အရေးကိစ္စများစွာတို့အပေါ် ထင်မြင်သုံးသပ်ချက်များ ဖလှယ်ခဲ့ကြသည်။ ခေါင်းဆောင် ၂ ဦးတို့သည် ကျယ်ပြန့်လှသည့် နယ်ပယ်များတွင် နောက်ထပ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ထူးခြားအရေးပါသော စွမ်းရည်များစူးစမ်းလေ့လာရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးချုပ်သည် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ Mr. Modi သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ နယူးဇီလန် ဝန်ကြီးချုပ်နှင့် ဘရုနိုင်းနိုင်ငံ စော်ဘွားကြီးတို့နှင့်လည်း ဆွေးနွေးသွားမည်ဖြစ်သည်။ ယနေ့ ဝန်ကြီးချုပ် Mr. Narendra Modi သည် မနီလာမြို့တွင် ၁၂ ကြိမ်မြောက် အရှေ့အာရှ ညီလာခံနှင့် ၁၅ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ညီလာခံ အခမ်းအနားများကို ယနေ့ တက်ရောက်သွားမည်ဖြစ်ကြောင်း။