“အိန္ဒိယနဲ့ ASEAN အဖွဲ့ဝင်နိုင်ငံတို့အကြား ဆက်ဆံရေးများ ခိုင်မာတောင့်တင်းခဲ့ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ သံတမန်ရေးရာ ဆောင်းပါးရှင် Dipanjan Roy Chaudhury ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ ASEAN အဖွဲ့ဝင်နိုင်ငံတို့အကြား ဆက်ဆံရေးများ ခိုင်မာတောင့်တင်းခဲ့ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီအရင်ခံ တင်ပြပါရစေ။

အိန္ဒိယနိုင်ငံရဲ့ ASEAN အဖွဲ့ကြီးနဲ့ ပိုမိုကျယ်ပြန့်တဲ့ အင်ဒို-ဖိစိဖိတ် အရပ်ဒေသတွေနဲ့ စေ့စပ်ဆက်နွယ်မှုဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း ဝန်ကြီးချုပ် Mr. Narendra Modi က ၁၂ ကြိမ်မြောက် ASEAN အိန္ဒိယ ထိပ်သီးညီလာခံနဲ့ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ နဝမအကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံမှာ “Act East Policy” ခေါ် အရှေ့သို့လှုပ်ရှားရေးပေါ်လစီကို ထင်ရှားစွာ ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း အရှိန်အဟုန်ထပ်မံရရှိလျှက် ရှိခဲ့ပါတယ်။ ဒီညီလာခံကြီးဟာ ဝန်ကြီးချုပ် Mr. Modi အတွက် ယခုလိုအရေးပါလှတဲ့ Forum မှာ စတုတ္ထမြောက် စေ့စပ်ပါဝင်မှု ဖြစ်ပါတယ်။

Manila မြို့ ၁၅ ကြိမ်မြောက် ASEAN-အိန္ဒိယ ထိပ်သီးညီလာခံမှာ Mr. Modi နဲ့ ASEAN အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက အိန္ဒိယနိုင်ငံရဲ့ ASEAN အဖွဲ့ကြီးနဲ့ စေ့စပ်ဆွေးနွေးတဲ့ ဖက်စပ်လုပ်ကိုင်သူ နိုင်ငံဖြစ်လာတဲ့ (၂၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေအတွက် ၂၀၁၇ ခုနှစ်အတွင်း လုပ်ကိုင်ခဲ့တဲ့ လှုပ်ရှားမှုတွေနဲ့ ရှု့ထောင့်အဖြာဖြာတို့မှာ ASEAN-အိန္ဒိယ ပူးပေါင်းဆောင်ရွက်ရေးရဲ့ ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍတွေကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယနဲ့ ASEAN အဖွဲ့ကြီးတို့အကြား ပုံမှန်တွေ့ဆုံလေ့ရှိတဲ့ ဆွေးနွေးပွဲ ယန္တယား (၃၀) ခန့်ရှိပြီး၊ အဲဒီထဲမှာ ထိပ်သီးညီလာခံတခု၊ နိုင်ငံခြားရေး၊ ကူးသန်းရောင်းဝယ်ရေးခရီး လှည့်လည်မှု၊ စိုက်ပျိုးရေး၊ ပါတ်ဝန်းကျင်ရေးရာ၊ ပြန်လည်သစ်ဆန်းစေနိုင်သော စွမ်းအင်နဲ့ ကြေးနန်းဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် တွေ့ဆုံစည်းဝေးပွဲ (၇) ခု ပါဝင်ပါတယ်။ နိုင်ငံခြားရေး ဒုဝန်ကြီး အငြိမ်းစား ဗိုလ်ချုပ်ကြီး Dr. V.K.Singh က ASEAN-အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးပွဲနဲ့ အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲတွေကို လွန်ခဲ့တဲ့ ၂၀၁၇ ခု ဩဂုတ်လအတွင်း ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်မှာ တက်ရောက်ခဲ့ပါတယ်။ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီး Mr. Suresh Prabhu ကလည်း လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်း Manila မြို့မှာ ကျင်းပခဲ့တဲ့ ASEAN စီးပွားရေးဝန်ကြိးများ အစည်းအဝးပွဲနဲ့ အိန္ဒိယညှိနှိုင်းဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့ပြီး၊ တက်ရောက်ခဲ့ကြတဲ့ ဝန်ကြီးတွေက ၎င်းတို့ရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မြျစေရေးအတွက် ခံယူချက်တွေကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။

Ms Nirmala Sitharaman ဟာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ နိုင်ငံခြားသို့ ပထမဦးဆုံးခရီးစဉ်အဖြစ် လွန်ခဲ့တဲ့လက Manila မြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ASEAN ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးပွဲကြီးမှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးက အိန္ဒိယနိုင်ငံရဲ့ အကြမ်းဖက်ဝါဒကို လုံးဝသီးမခံရေး ရပ်တည်ချက်ကို ထပ်လောင်း အခိုင်အမာပြောဆိုခဲ့ပြီး၊ ဒီအန္တရာယ်ဆိုးကြီးကို ရင်ဆိုင်တိုက်ခိုက်ရာမှာ နိုင်ငံတကာနဲ့ ဒေသပိုင်းဆိုင်ရာ အခန်းကဏ္ဍတွေကို အသိအမှတ်ပြုခဲ့ပါတယ်။

အိန္ဒိယနဲ့ ASEAN အဖွဲ့ကြီးတို့အကြား ကုန်သွယ်ရေးဟာ သက္ကရာဇ် ၂၀၁၆-၂၀၁၇ ခုနှစ်များအတွင်း အမေရိကန်ဒေါ်လာပေါင်း (၇၁) ဘီလီယံခန့် ရှိခဲ့ပြီး ၊ အိန္ဒိယနိုင်ငံရဲ့ တကမ္ဘာလုံးနဲ့ စုစုပေါင်း ကုန်သွယ်မှုပမာဏရဲ့ ၁၀.၈၅% ခန့် ရှိနေပါတယ်။ ညီတူညီမျှဖြစ်တဲ့ ဒေသပိုင်းဆိုင်ရာ ဘက်စုံစီးပွားရေး ဖက်စပ်လုပ်ကိုင်မှု သဘောတူစာချုပ်တခုကို အပြီးအပြတ် ရေးဆွဲမှုက ဒေသပိုင်းအတွင်း ကျွန်ုပ်တို့ရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဆက်နွယ်မှုတွေကို ထပ်လောင်းအားဖြည့်ပေးလိမ့်မယ် ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသို့ လက်ရှိခရီးစဉ်နဲ့အတူ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ (၃) နှစ်မျှသောကာလအတွင်း ASEAN အဖွဲ့ဝင် နိုင်ငံပေါင်း (၁၀) နိုင်ငံအားလုံးသို့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ သမ္မတ၊ ဒုသမ္မတနဲ့ ဝန်ကြီးချုပ်တို့ရဲ့ အလည်အပါတ်ခရီးစဉ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက အိန္ဒိယနိုင်ငံရဲ့ ASEAN ဒေသပိုင်းနဲ့ အရေးပါလှတဲ့ ဆက်ဆံမှုတွေ ထားရှိနေဒါကို ပေါ်လွင်စေပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံရဲ့ ASEAN အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ထားရှိဖို့ရာ အိန္ဒိယနိုင်ငံရဲ့ ခံယူချက်ကို အဓိပ္ပါယ်ဖော်လိုက်ဒါဘဲ ဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေဟာ ရှေ့နှစ်ပေါင်းများစွာက လျစ်လျူထားခဲ့ပြီး၊ ဒေသပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားကို နှစ်နာစေခဲ့ကာ၊ တရုတ်နိုင်ငံအား အခွင့်အရေးအသာရရှိဖို့ လမ်းဖွင့်ပေးခဲ့ပြီးတဲ့နောက် ယခုတဖန် ဒီဒေသပိုင်းအား ကျွန်ုပ်တို့ရဲ့ အကျိုးဖြစ်ထွန်းစေမဲ့ ချဉ်းကပ်မှုနဲ့ ပြုလုပ်နေတဲ့ ပြောင်းလဲမှုတခုဖြစ်တယ်ဆိုဒါကတော့ ဧကန်မုချဘဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ သမိုင်းမှတ်တိုင်တခု စိုက်ထူတဲ့ အချိန်ကာလမှာ ပေါ်ပေါက်ခဲ့ဒါ ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုရရင်၊ ကျွန်ုပ်တို့ဟာ အိန္ဒိယ-ASEAN ဆွေးနွေးပွဲများ ဖက်စပ်လုပ်ကိုင်တဲ့ (၂၅) နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ပြီး၊ (၁၅) နှစ်ပြည့် ထိပ်သီးအဆင့် ပါဝင်တက်ရောက်မှုနဲ့ ASEAN အဖွဲ့ကြီးနဲ့ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှု စတင်ခဲ့တဲ့ (၅) နှစ်ပြည့် အထိမ်းအမှတ်နှစ် ဖြစ်တာကြောင့်ဘဲ ဖြစ်ပါတယ်။ ASEAN ထိပ်သီးညီလာခံကြီးရဲ့ ကြားကာလမှာ ဝန်ကြီးချုပ် Mr. Modi ဟာ လက်ရှိ ASEAN အဖွဲ့ကြီးရဲ့ သဘာပတိဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ သမ္မတ Mr. Duterte နှင့် နှစ်နိုင်ငံအကြား အပြန်အလှန် ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Mr. Narendra Modi ဟာ အမေရိကန်ပြည်ထောင်စုသမ္မတ Mr. Donald Trump နဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe တို့အားလည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ကောင်းမွန်သော အုပ်ချုပ်ရေး၊ ဘက်စုံကြီးပွားတိုးတက်မှု၊ လူနေမှု အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စည်းလုံးရေးဝါဒတွေအပေါ် အာရုံပြုလျှက် ရှိကြပါတယ်။ နှစ်နိုင်ငံစလုံးတို့ရဲ့ ကမ္ဘာနဲ့ပါတ်သက်ပြီး သုံးသပ်လေ့လာရှု့မြင်ရာမှာ အလွန်ကျယ်ပြန့်တဲ့ နယ်ပယ်တွေ ပါဝင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဖိလစ်ပိုင်နိုင်ငံနဲ့ ထပ်လောင်းတိုးမြှင့်ဆက်ဆံရေးတွေမှာ ကြီးမားတဲ့ အစွမ်းအစ အလားအလာတွေ ရှိနေတယ်လို့ ထင်မြင်ယူဆတဲ့အလျောက် ထပ်တူထပ်မျှဖြစ်မှုတွေလည်း အများအပြား ရှိနေပါတယ်။

အိန္ဒိယနိုင်ငံဟာ ASEAN အဖွဲ့ကြီးရဲ့ စည်းလုံးမှုနဲ့ ဒေသပိုင်းဆိုင်ရာ လုံခြုံရေးအဆောက်အအုံမှာ ဗဟိုအချက်အချာကျရေးကို ထောက်ခံနေပါတယ်။ အိန္ဒိယနိုင်ငံဟာ အထူးသဖြင့် Cambodia ၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေကို အာရုံပြုလျှက် ASEAN အဖွဲ့ဝင်နိုင်ငံတွေ စည်းလုံးညီညွှတ်ရေးအတွက် အစပျိုးလုပ်ကိုင်မှု တစိတ်တပိုင်းအဖြစ်၊ စွမ်းရည်တည်ဆောက်မှု အစပျိုးလုပ်ကိုင်မှုတွေအနေနဲ့ ပရိုဂျက်ပေါင်းများစွာတို့ကို ဖွင့်လှစ်လုပ်ကိုင်လျှက် ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘဏ္ဍာရေးပရိုဂျက်တွေကို အထောက်အကူပြုတဲ့ ရံပုံငွေသုံးခု ရှိနေပါတယ်။ အဲဒါတွေကတော့ တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာပေါင်း သန်း (၁၀၀) ရှိတဲ့ India-ASEAN ပူးပေါင်းဆောင်ရွက်ရေး ရံပုံငွေ၊ ASEAN-အိန္ဒိယ အစိမ်းရောင်ရံပုံငွေနဲ့ ASEAN-အိန္ဒိယ သိပ္ပံနဲ့ နည်းပညာရံပုံငွေတွေ ဖြစ်ကြပါတယ်။ ပြည်သူတို့အချင်းချင်း တွေ့ဆုံဆက်နွယ်ခြင်းတို့ဟာ အိန္ဒိယနိုင်ငံရဲ့ ASEAN အဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်ရေးမှာ အာရုံပြုမှုတခုဖြစ်တဲ့အလျောက်၊ ကိုယ်ထိလက်ရောက်၊ digital နဲ့ စီးပွားရေးဆက်နွယ်မှုတွေကို တိုးမြင့်စေလျှက် ရှိနေပါတယ်။ ဒေသပိုင်းအတွင်းမှာ အိန္ဒိယနိုင်ငံဟာ အလွန်ကြီးများတဲ့ ရိုသေလေးစားချစ်ခင်ရင်းနှီးမှုကို ခံယူရရှိနေပါတယ်။ ဒီအချက်တွေဟာ နိုင်ငံရေးဆိုင်ရာ လုံခြုံမှု၊ စီးပွားရေးနဲ့ အိန္ဒိယနိုင်ငံရဲ့ တိုင်လုံးကြီးဖြစ်တဲ့ လူမှုရေးရာယဉ်ကျေးမှု စတဲ့ ဆက်နွယ်မှုတွေကို ထပ်လောင်းတောင့်တင်း ခိုင်မာစေလိမ့်မယ်ဖြစ်ပါတယ်…စသည်ဖြင့် ဆောင်းပါးရှင် Dipanjan Roy Chaudhury ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။