အိန္ဒိယနှင့် ဖီလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးတို့အပါအဝင် နယ်ပယ်အသီးသီးတို့တွင် သဘောတူစာချုပ် ၄ ခုတို့ကို လက်မှတ်ရေးထိုးလိုက်ကြသည်။

အိန္ဒိယနှင့် ဖီလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ ပံ့ပိုးရေး၊ စိုက်ပျိုးမွေးမြူရေး၊ MSME ခေါ် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့ရေးရာကောင်စီနှင့် ဖီလစ်ပိုင် နိုင်ငံခြားရေး ဝန်ဆောင်မှုဌာနတို့အကြား ပိုမို၍အနီးကပ် လုပ်ဆောင်ရေးတို့အပါအဝင် နယ်ပယ်များစွာတို့တွင် သဘောတူစာချုပ် ၄ ခုတို့ကို လက်မှတ်ရေးထိုးလိုက်ကြသည်။ ဝန်ကြီးချုပ် Mr. Narendra Modi နှင့် ဖီလစ်ပိုင်နိုင်ငံသမ္မတ Mr.Rodrigo Duterte တို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်ဝါ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနယ်ပယ်တို့အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို နောက်ထပ်မြှင့်တင်သွားမည်ဟု သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံစလုံးတို့သည့် အကြမ်းဖက်ဝါဒ၏ ဓားစာခံများ ဖြစ်နေကြသည့်အလျောက် ခေါင်းဆောင် ၂ ဦးတို့သည် အကြမ်းဖက်မှုအန္တရာယ် ထိန်းချုပ်ရာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားကြရန် ဆုံးဖြတ်ခဲ့ကြကြောင်း။