အီရန်-အီရတ် နယ်စပ်ဒေသ တောင်တန်းများတွင် မြေငလျင်လှုပ်ခတ်မှုအတွင်း လူသေဆုံးမှုသည် ၄၅၀ အထိ မြင့်မားလာပြီဖြစ်သည်။

အီရန်နိုင်ငံသည် လူပေါင်း ၄၅၀ ထက်မနည်းသေဆုံးခဲ့ပြီး အခြားသူ ထောင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သော တနင်္ဂနွေနေ့မှ စွမ်းအားကြီး မြေငလျင်လှုပ်ခတ်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြလိုက်သည်။ အီရန်နှင့် အီရတ်နိုင်ငံတို့၏ နယ်စပ်ဒေသများကို ပိုင်းခြားထားသော Zagros တောင်တန်းဒေသရှိ Kermanshah ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဟု အီရန်နိုင်ငံ၏ အရေးပေါ် ဆေးဝါးကုသရေးဌာန အကြီးအကဲက ဖော်ပြခဲ့သည်။ ထောင်ပေါင်းများစွာသော ပြည်သူများသည် ယာယီစခန်းများတွင် စုဝေးနေထိုင်ခဲ့ကြပြီး အချို့ပြည်သူများသည် နောက်ဆက်တွဲ မြေငလျင်လှုပ်ခတ်မှု ၁၉၃ ကြိမ် ပေါ်ပေါက်ခဲ့ပြီးနောက် မြေငလျင်များ နောက်ထပ်လှုပ်ခတ်လာမည့်အရေးစိုးရိမ်ထိတ်လန့်နေကြသည့်အတွက် ဒုတိယမြောက်ညတွင် ကွင်းပြင်များ၌ နေထိုင်ခဲ့ကြသည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက အစီရင်ခံ ဖော်ပြခဲ့သည်။ အီရန်နိုင်ငံသမ္မတ Mr. Hassan Rouhani သည် မြေငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများကို အင်္ဂါနေ့၌သွားရောက်ရန် စီစဉ်ထားကြောင်း။