Jammu နှင့် Kashmir ပြည်နယ်၊ Handwara မြို့တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ၂ ဦး သေဆုံးခဲ့သည်။

ယမန်နေ့ညနေပိုင်း၌ Jammu နှင့် Kashmir ပြည်နယ်၊ Kashmir ဒေသမြောက်ပိုင်းရှိ Kupwara ခရိုင်၊ Handwara မြို့၊ Zachaldara ရပ်ကွက်တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အမည်မသိသူ အကြမ်းဖက်သမား ၂ ဦး သေဆုံးခဲ့သည်။ စစ်သွေးကြွများသည် Zachaldara ဒေသတွင် Naka စစ်ဆေးရေးစခန်းမှ လုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက တုံ့ပြန်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိ ၁ ဦးက AIR သတင်းဌာနကို ဖော်ပြခဲ့သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် သေနတ်သမား ၂ ဦးသေဆုံးခဲ့ပြီး သေဆုံးသူအကြမ်းဖက်သမားများ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို စစ်ဆေးလျှက်ရှိသည်ဟု ရဲတပ်ဖွဲ့အရာရှိက ဖော်ပြခဲ့ကြောင်း။