UNESCO အဖွဲ့ကြီး၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ်အသစ်သည် ကုလသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းမှ နှုတ်ထွက်ရန် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို ပယ်ချလိုက်သည်။

ယနေ့ UNESCO အဖွဲ့ကြီး၏ အသစ်ရွေးချယ်တင်မြှောက်ထားသည့် အထွေထွေ ညွှန်ကြားရေးမှူးချုပ်သည် ကုလသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းမှ နှုတ်ထွက်ရန် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီး ၎င်းအဖွဲ့အစည်းသည် ယခင်က ဝါရှင်တန်အစိုးရ မပါရှိဘဲ အချိန်ကာလကြာမြင့်စွာ ရပ်တည်နေခဲ့ကြောင်း ဖော်ပြလိုက်သည်။ UNESCO အဖွဲ့ခေါင်းဆောင်အဖြစ် သောကြာနေ့၌ ရွေးချယ်တင်မြှောက်ခံရသူ ပြင်သစ်နိုင်ငံ ယဉ်ကျေးမှုရေးရာ ဝန်ကြီးဟောင်း မစ် Audrey Azoulay သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် အေဂျင်စီအဖွဲ့ကြီး၏ အစနိဒါန်း မဟုတ်သကဲ့သို့ အဆုံးလည်းမဟုတ်ကြောင်း ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်လတွင် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့သည် UNESCO အဖွဲ့ကြီးကို အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်လုပ်ဆောင်နေသည်ဟု စွပ်စွဲဖော်ပြလျှက် အဖွဲ့မှနှုတ်ထွက်ကြောင်း ကြေညာခဲ့ကြသည်။ ဝါရှင်တန်အစိုးရ၏ ဆုံးဖြတ်ချက်သည် အရောင်အသွေးစုံ ဗဟုဝါဒနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ လက်ရှိရပ်တည်ချက် သဘောထားကို သုံးသပ်ဆင်ခြင်လျှက် အထူးအဆန်းမဟုတ်ပါဟု UNESCO အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ယနေ့ ကျမ်းသစ္စာကျိန်ဆိုသွားမည့် မစ် Azoulay က ဖော်ပြခဲ့ကြောင်း။