အမေရိကန်ပြည်ထောင်စုသမ္မတ Mr. Trump သည် သမိုင်းမှတ်တိုင်ဖြစ်သော အနုမြူရေး သဘောတူညီချက်ကို လက်ရှိအချိန်ကာလအထိ ဆက်လက်ထိန်းသိမ်းထားရှိလျှက် အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခြင်းမပြုရန်ဆုံးဖြတ်လိုက်သည်။

အမေရိကန်ပြည်ထောင်စုသမ္မတ Mr. Trump သည် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့က အီရန်နိုင်ငံမှ တသီးပုဂ္ဂလနှင့် ကုမ္ပဏီ ၁၄ ခုတို့ကို တင်းကြပ်သည့် ပိတ်ဆို့ဒဏ်ခတ်မှုများ နောက်ထပ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့လင့်ကစား သမိုင်းမှတ်တိုင်ဖြစ်သော ၂၀၁၅ ခုနှစ် အနုမြူရေး သဘောတူညီချက်ကို လက်ရှိအချိန်ကာလအထိ ဆက်လက်ထိန်းသိမ်းထားရှိလျှက် အစ္စလာမ္မစ် သမ္မတနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ထားရှိခြင်းမပြုရန်ဆုံးဖြတ်လိုက်သည်။ ဤဖော်ပြချက်သည် အီရန်နိုင်ငံနှင့်ပတ်သက်၍ Mr. Trump ၏ တရားဝင်ဖော်ပြချက်ဖြစ်သည်ဟု ထိပ်တန်း အုပ်ချုပ်ရေးအရာရှိများက ပြောကြားခဲ့သည်။ အီရန်နိုင်ငံနှင့် ကမ္ဘာ့စွမ်းအားကြီး ၆ နိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သော သမိုင်းဝင် အနုမြူ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် Tehran အစိုးရအပေါ် ပြဋ္ဌာန်းထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း။