အိန္ဒိယနိုင်ငံသည် ဘူတန်နိုင်ငံနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရေးဆိုင်ရာ တောင့်တင်းခိုင်မာသည့် အခြေခံအုတ်မြစ်များတည်ဆောက်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မစ္စစ် Sushma Swaraj က ဖော်ပြလိုက်သည်။

အိန္ဒိယနိုင်ငံသည် ဘူတန်နိုင်ငံနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရေးဆိုင်ရာ တောင့်တင်းခိုင်မာသည့် အခြေခံအုတ်မြစ်များတည်ဆောက်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မစ္စစ် Sushma Swaraj က ဖော်ပြလိုက်သည်။ ယမန်နေ့၌ နယူးဒေလီမြို့တွင် မစ္စစ် Swaraj သည် ဘူတန်နိုင်ငံခြားရေးဝန်ကြီး Mr. Lyonpo Damcho Dorji နှင့်အတူ သံတမန်ဆက်ဆံရေး ရွှေရတု အထိမ်းအမှတ်ပြုရန် အထူးအခမ်းအနားတစ်ခုကို ဗီဒီယို ကွန်ဖရန့်မှတဆင့် ဖွင့်လှစ်ပေးခဲ့ပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှု စွမ်းရည်အပြည့်အဝကို သိရှိနားလည်ရန်အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှ ထပ်မံ၍ ဆုံးဖြတ်ချက်များနှင့် ကြိုးပမ်းချက်များပြုကြပါရန် တောင်းဆိုခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးသည် အိန္ဒိယနှင့် ဘူတန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စံပြဆက်ဆံရေးများကို ဘုံတန်ဖိုးဦးစားပေးချက်များ၊ ပြင်းထန်နက်ရှိုင်းသည့် ယုံကြည်မှုနှင့် နားလည်မှုတို့ဖြင့် တည်ဆောက်ထားသည်ဟုလည်း ဖော်ပြခဲ့ကြောင်း။