NIA အေဂျင်စီအဖွဲ့သည် ၂၀၁၅ ခုနှစ်၌ မဏိပူပြည်နယ်တွင် တပ်သား ၁၈ ဦးတို့ကျဆုံးစေခဲ့သော Chandel တပ်ဖွဲ့ ခြုံခိုတိုက်ခိုက်မှုမှ စွပ်စွဲခံထားသူကို ဖမ်းဆီးလိုက်သည်။

Chandel တပ်ဖွဲ့ ခြုံခိုတိုက်ခိုက်မှုကိစ္စတွင် အရေးပါသည့်တိုးတက်မှုအဖြစ် နိုင်ငံတော် စုံစမ်းစစ်ဆေးရေး အေဂျင်စီ NIA အဖွဲ့သည် ပြစ်မှုစွပ်စွဲခံရသူ Naorem Premkanta Singh ကို ဖမ်းဆီးလိုက်သည်။ ၎င်းစွပ်စွဲခံရသူသည် ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် တပ်သား ၁၈ ဦးတို့ကျဆုံးခဲ့သော မဏိပူပြည်နယ်၊ Chandel ခရိုင်မှ တပ်မတော် တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုနှင့်ပတ်သက်သည့် အမှုကိစ္စတစ်ခုတွင် ပါဝင်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ၂၀၁၅ ခုနှစ်၌ မဏိပူပြည်နယ်တွင် ခြုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဝရန်းပြေးဖြစ်နေခဲ့သည့် စွပ်စွဲခံထားသူကို နိုင်ငံတော် စုံစမ်းစစ်ဆေးရေး အေဂျင်စီအဖွဲ့နှင့် မဏိပူပြည်နယ် ရဲတပ်ဖွဲ့တို့၏ ပူးတွဲဆောင်ရွက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း။