ကြည်းတပ်မတော် တပ်သား ၂၃၀၀ တို့သည် တောင်ဆူဒန်နိုင်ငံ၌ ကုလသမဂ္ဂ ငြိမ်းချမ်ရေး ထိန်းသိမ်းလုပ်ဆောင်ချက်တို့တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်သည်။

ကြည်းတပ်မတော် တပ်သား ၂၃၀၀ ခန့်တို့သည် စစ်ဘေးဒဏ်ခံနေရသော အာဖရိကဒေသရှိ တောင်ဆူဒန်နိုင်ငံတွင် ကုလသမဂ္ဂ ငြိမ်းချမ်ရေး ထိန်းသိမ်းလုပ်ဆောင်ချက်တို့၌ ပူးပေါင်းပါဝင်ကြရန်အတွက် ၎င်းနိုင်ငံသို့သွားရောက်လျှက်ရှိသည်။ အိန္ဒိယနိုင်ငံ ကြည်းတပ်မတော်သည် စစ်မက်ဖြစ်ပွားနေသော တောင်ဆူဒန်နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပုံမှန်အခြေအနေဖော်ဆောင်ရာ၌ ကုလသမဂ္ဂအဖွဲ့ကြီး၏ကြိုးပမ်းချက်များတွင် အားဖြည့်ပံ့ပိုးရန်အတွက် တပ်သား ၂၃၀၀ ဝန်းကျင်တို့ကို ထည့်ဝင်ပေးအပ်လိုက်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Aman Anand က ဖော်ပြခဲ့သည်။ ကုလသမဂ္ဂ၏ ကြိုးပမ်းချက်တို့တွင်ပါဝင်နေကြသော တပ်သားများသည် Garhwal ရိုင်ဖယ်တပ်ရင်း၏ ခြေလျင်တပ်ရင်းမှဖြစ်ကြသည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ဖော်ပြခဲ့ကြောင်း။