“ဝန်ကြီးချုပ်ရဲ့ ပင်လယ်ကွေ့နိုင်ငံများသို့ အောင်မြင်သော အလည်အပါတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR မှ သတင်းဆန်းစစ်လေ့လာသူ Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဝန်ကြီးချုပ်ရဲ့ ပင်လယ်ကွေ့နိုင်ငံများသို့ အောင်မြင်သော အလည်အပါတ်ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

Mr. Narendra Modi ဟာ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံပြီးတဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံရဲ့ အာရှအလယ်ပိုင်းနဲ့ အားမာန်တက်ကြွတဲ့ လှုပ်ရှားမှုနဲ့အတူ ပြောင်းလဲမှုတစီတတန်း ပေါ်ပေါက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၄) နှစ်ကျော်ကာလမှာ နှောင်ဖွဲ့မှုတွေကို နည်းဗျူဟာကျအဆင့် ရောက်ရှိစေခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr. Modi ရဲ့ ပါလစ္စတိုင်း၊ UAE နဲ့ Oman နိုင်ငံတွေဆီသို့ သုံးနိုင်ငံခရီးစဉ်က အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာပေါ် အရေးပါဆုံးအရပ်ဒေသများသို့ မိမိတို့ရဲ့ လက်လှမ်းကို ပိုမိုခိုင်ခန့်စေခဲ့ပါတယ်။ ပါလစ္စတိုင်းနိုင်ငံမှာ အောင်မြင်သော အလည်အပါတ်ခရီးစဉ်ကို အဆုံးသတ်ပြီးတဲ့နောက် Mr. Modi ဟာ Abu Dhabi နှင့် Dubai မြို့တွေကို သွားရောက်လည်ပါတ်ခဲ့ပါတယ်။ Dubai မြို့မှာ ဝန်ကြီးချုပ်အား ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့အစိုးရများထိပ်သီးညီလာခံမှာ အထူးဂုဏ်ထူးဆောင် ဧည့်သည်တော်ဖြစ်ခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲမှာ နည်းပညာရေးရာနဲ့ ဖွံ့ဖြိုးမှုနဲ့ပါတ်သက်ပြီး သော့ချက်ကျ အရေးကိစ္စတွေကို ဖေါ်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ် Mr. Modi ဟာ UAE နိုင်ငံ နိုင်ငံသမ္မတနဲ့ Abu Dhabi မြို့ အုပ်ချုပ်ရေး အာဏာပိုင် Sheikh Khalifa bin Zayed al Nahyan နဲ့ အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed al Nahyan တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ UAE အာရပ်စော်ဘွားများနိုင်ငံ ဘုရင်ကြီး Mohammad bin Rashid al Makhtoum တို့အားလည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နှစ်ဦးနှစ်ဖက်တို့အကြား ကိုယ်စားလှယ်အဆင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အရေးပါဆုံးဖြတ်တဲ့ တစ်ခုတည်းသော သဘောတူညီချက်ကတော့ အိန္ဒိယနိုင်ငံရဲ့ အာရပ်စော်ဘွားများနိုင်ငံ UAE နှင့်အတူ စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးနှင့်ပတ်သက်လို့ ဖြစ်ပါတယ်။ IOC နှင့် BPRL ကုမ္ပဏီတို့အပါအဝင် OVL (ONGC Videsh လိမိတက်) ကုမ္ပဏီတို့မှ ဦးဆောင်ထားတဲ့ အိန္ဒိယကုမ္ပဏီလုပ်ငန်းရှင်ကြီးများအသင်းကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လူသားစွမ်းအားဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁ ခုကိုလည်း အိန္ဒိယနှင့် UAE နိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့ပါတယ်။ UAE နိုင်ငံဟာ အိန္ဒိယနိုင်ငံ လုပ်သားထု ၃.၃ သန်းတို့ နေထိုင်လုပ်ကိုင်နေကြတဲ့ နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မီးရထားဝန်ကြီးဌာနနှင့် UAE နိုင်ငံ လမ်းပန်းဆက်သွယ်ရေးဌာနနှင့် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တို့အကြား နည်းလည်မှုစာချွန်လွှာကို မီးရထားကဏ္ဍဆိုင်ရာ လေ့လာမှုတွေ လွယ်ကူစေဖို့အတွက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဟာ UAE နိုင်ငံမှာ ဟိန္ဒူဘုရားကျောင်းဆောင်တစ်ခု ဆောက်လုပ်ဖို့ မြေနေရာ ပေးအပ်မှုအတွက် Abu Dhabi အစိုးရနှင့် အာဏာပိုင်ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။

ခရီးစဉ်ရဲ့ နောက်ဆုံးအဖြစ် ဝန်ကြီးချုပ် Mr. Modi ဟာ စော်ဘွားကြီး Qaboos bin Said ရဲ့ ဖိတ်ကြားချက်အရ Muscat မြို့ကို သွားရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်နှင့် စော်ဘွားကြီးတို့ဟာ နှစ်နိုင်ငံဆိုင်ရာ၊ ဒေသပိုင်းဆိုင်ရာနှင့် နိုင်ငံတကာဆိုင်ရာ ဘုံအရေးကိစ္စတွေနှင့်ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ အိန္ဒိယသမုဒ္ဒရာနှင့် အာရပ်ပင်လယ်ဒေသအတွင်း ရေကြောင်းဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေအဖြစ် အိန္ဒိယနှင့် အိုမန်နိုင်ငံတို့ဟာ ရင်းနှီးချစ်ကြည်ပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ သမိုင်းအစဉ်အလာ ဆက်ဆံရေးတွေ ထားရှိနေကြကြောင်း နှစ်ဖက်စလုံးတို့က ဖော်ပြခဲ့ကြပါတယ်။ နှစ်နိုင်ငံတို့ဟာ လက်ရှိနှစ်နိုင်င့ဆက်ဆံရေး အခြေအနေတွေကို အထူးသဖြင့် လုံခြုံရေးနှင့် ကာကွယ်ရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်နေတာကို ကျေနပ်အားရမိကြောင်း ဖော်ပြခဲ့ကြပြီး ၎င်းတို့ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်တွေကို အာကာသ၊ စိုက်ဘားလုံးခြုံရေး၊ စွမ်းအင်ဖူလုံရေး၊ ပြန်လည်အသစ်ဖြစ်ပေါ်နိုင်တဲ့ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး စတဲ့နယ်ပယ်တွေအပါအဝင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားနယ်ပယ်သစ်တွေအထိ အဆင့်မြင့် မဟာဗျူဟာ ဖက်စပ်ဆောင်ရွက်မှုအဖြစ် နောက်ထပ်တိုးချဲ့သွားကြဖို့ သဘောတူခဲ့ကြပါတယ်။ ခရီးစဉ်အတွင်း ၂ နိုင်ငံတို့ဟာ သဘောတူစာချုပ် အသီးသီးနှင့် နားလည်မှုစာချွန်လွှာ ၈ ခုတို့ လက်မှတ်ရေးထိုးမှုကို ကြိုဆိုဖော်ပြခဲ့ကြပြီး ဒါဟာ နှစ်နိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ်တောင့်တင်းခိုင်မာပြီး တိုးချဲ့အားကောင်းစေမှာ ဖြစ်ပါတယ်။

အိန္ဒိယနှင့် အိုမန်နိုင်ငံတို့ဟာ အနောက်အာရှဒေသ၊ အရှေ့အလယ်ပိုင်းဒေသနှင့် တောင်အာရှဒေသအတွင်းတို့မှ လုံခြုံရေးရာ အခြေအနေတွေအပါအဝင် ဒေသပိုင်းဆိုင်ရာနှင့် နိုင်ငံတကာ ဘုံအကျိုးစီးပွား အရေးကိစ္စတွေနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ အကျိုးဖြစ်ထွန်းတဲ့ ဆွေးနွေးမှုတွေဟာ အိန္ဒိယတိုက်ခွဲဒေသနှင့် ပင်လယ်ကွေ့ဒေသတို့ရဲ့ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ အပြန်အလှန် ဆက်စပ်နှီးနွယ်နေတာကို အသိအမှတ်ပြုလုက်ခံပြီး တစ်ဦးနှင့် တစ်ဦးတို့ရဲ့ စိုးရိမ်ချက်တွေနှင့် ရှုထောင့်အသီးသီးတို့ကို ပိုမိုနားလည်သိရှိဖို့ နှစ်နိုင်ငံစလုံးကို အခွင့်ပေးခဲ့ပါတယ်။

၂ နိုင်ငံတို့ဟာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အကြမ်းဖက်ဝါဒရဲ့ ရန်မူနေမှု ဘုံအန္တရာယ်ကိုလည်း လက်ခံခဲ့ကြပြီး ဒီအန္တရာယ်ကို ဆန့်ကျင်တိုက်ဖျက်သွားဖို့အတွက် ၂ နိုင်ငံအားဖြင့် ၊ ဒေသပိုင်းအားဖြင့်နှင့် ကမ္ဘာ့အတိုင်းအတာအားဖြင့် အတူတကွ ဆက်လက်ပြီး လက်တွဲဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။ နှစ်နိုင်ငံတို့ဟာ အကြမ်းဖက်ဝါဒကို ဘယ်နေရာမှာ ကျူးလွန်သည်ဖြစ်စေ ဘယ်လိုလူက လုပ်ဆောင်သည်ဖြစ်စေ ဘယ်လိုပုံစံလက္ခဏာမျိုးနှင့်မဆို အပြင်းအထန် ရှုတ်ချကြောင်း ထပ်မံဖော်ပြခဲ့ပြီး အကြမ်းဖက်ဝါဒလုပ်ရပ်အတွက် ဘယ်နေရာမှာမဆို သင့်လျော်မှန်ကန်မှုမရှိကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပင်လယ်ကွေ့ဒေသခရီးစဉ်ဟာ တောင့်တင်းခိုင်မာနေပြီးဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေကို ထပ်မံအားဖြည့်တိုးတက်စေခဲ့တာပဲဖြစ်ပါတယ်စသဖြင့် ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။