ဝန်ကြီးချုပ် Mr. Narendra Modi သည် ပါလစ္စတိုင်း၊ အာရပ်စော်ဘွားများနိုင်ငံနှင့် အိုမန်နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်သွားရောက်ခဲ့ပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာပြီဖြစ်သည်။

ဝန်ကြီးချုပ် Mr. Narendra Modi သည် ပါလစ္စတိုင်း၊ အာရပ်စော်ဘွားများနိုင်ငံနှင့် အိုမန်နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်ပြီးဆုံးခဲ့ပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာပြီဖြစ်သည်။ ဤခရီးစဉ်သည် အိန္ဒိယနိုင်ငံမှ ဝန်ကြီးချုပ်တစ်ဦး၏ အိုမန်နှင့် ပါလစ္စတိုင်းဒေသသို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးသော ခရီးစဉ်ဖြစ်သည်။ ခရီးစဉ်သည် ၎င်းနိုင်ငံများနှင့်အတူ အိန္ဒိယနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို နောက်ထပ် တိုးတက်အားကောင်းစေမည်ဖြစ်ကြောင်း AIR သတင်းထောက်က အစီရင်ခံဖော်ပြထားသည်။ အိုမန်နိုင်ငံသို့ခရီးစဉ်သည် နှစ်နိုင်ငံတို့အကြား ရာစုနှစ်ချီကြာမြင့်ပြီဖြစ်သော ဆက်ဆံရေးများတည်ဆောက်ရာတွင် အထောက်အကူပြုခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးအပါအဝင် ကဏ္ဍအားလုံးတို့မှ ဆက်ဆံရေးများအတွက် တောင့်တင်းခိုင်မာသည့် အရှိန်အဟုန်တစ်ရပ် ဖြစ်ပေါ်စေလိမ့်မည်ဟု ဝန်ကြီးချုပ်က ဖော်ပြခဲ့ကြောင်း။