သီရိလင်္ကာနိုင်ငံတွင် စည်းလုံးညီညွှတ်သော အနာဂတ် နိုင်ငံတော် အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ သမ္မတ Mr. Sirisena နှင့် ဝန်ကြီးချုပ် Mr. Wickremsinghe တို့အကြား သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လျှက်ရှိသည်။

သီရိလင်္ကာနိုင်ငံတွင် စည်းလုံးညီညွှတ်သော အနာဂတ်နိုင်ငံတော် အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ သမ္မတ Mr. Maithripala Sirisena နှင့် ဝန်ကြီးချုပ် Mr. Ranil Wickremsinghe တို့အကြား သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လျှက်ရှိသည်။ သမ္မတသည် စည်းလုံးညီညွတ်သော အစိုးရကိုဦးဆောင်နေသည့် ညီညွတ်သော အမျိုးသားပါတီ UNP ၏ အရေးနိမ့်ဖွယ် ရလဒ်များပေါ်ထွက်လာမှုအတွက် တာဝန်ယူထမ်းဆောင်မှုမှ ဆင်းသက်ပေးရန် ဝန်ကြီးချုပ်ကိုဖော်ပြခဲ့သည်ဟု သိရှိရသည်။ အစိုးရ၏ အနာဂတ် နိုင်ငံရေး ဆောင်ရွက်ချက်များ သို့မဟုတ် မည်သည့်ဘက်တွင်မှ အပြတ်အသတ် အများစုရရှိခဲ့ခြင်းမရှိသော ဒေသန္တရ အစိုးရအဖွဲ့တို့တွင် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ UNP ပါတီနှင့်အတူ သဘောတူညီချက် ရရှိထားခြင်းမရှိဟုဖော်ပြထားသော ထုတ်ပြန်ကြေညာချက်တစ်စောင်ကို သမ္မတရုံးက ထုတ်ပြန်ခဲ့ကြောင်း။