LoC မျဉ်းကြောင်းတလျှောက်မှ လုံခြုံရေးအခြေအနေများကို ထပ်မံအားဖြည့်တောင့်တင်းစေလျှက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ဖော်ပြလိုက်သည်။

ပါကစ္စတန်နိုင်ငံသည် Jammu နှင့် Kashmir ပြည်နယ်ဒေသတွင် စိမ့်ဝင်ကျူးကျော်မှုများကို အထောက်အကူဖြစ်စေရန် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများကို ပြုလုပ်နေကြောင်း ကာကွယ်ရေးဝန်ကြီး မစ် Nirmala Sitharaman က ဖော်ပြလိုက်သည်။ သတင်းမီဒီသို့ ထုတ်ဖော်ပြောကြားစဉ် ဗဟိုအစိုးရသည် နယ်စပ်ဒေသများမှ စိမ့်ဝင်ကျူးကျော်မှုများကိုဟန့်တားရန်အတွက် ခေတ်မီ အီလက်ထရောနစ် ကင်းထောက်စနစ်များဝယ်ယူရန် စီမံနေသည်ဟု ကာကွယ်ရေးဝန်ကြီးက ဖော်ပြခဲ့သည်။ တနင်္လာနေ့၌ ကာကွယ်ရေးဝန်ကြီးသည် Sunjuwan အကြမ်းဖက်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ရာတွင် ဤပြည်နယ်အတွင်းမှ လုံခြုံရေးအခြေအနေများကို စစ်ဆေးကြည့်ရှုရန်အတွက် Jammu မြို့သို့ ရောက်ရှိခဲ့ကြောင်း။