၂၀၁၈ ခုနှစ် ဓနသဟာရ အားကစားပွဲတော်တွင် အိန္ဒိယနိုင်ငံ၏ ထင်ရှားကျော်ကြားသည့် စွမ်းဆောင်နိုင်မှု

သောတရှင်များခင်ဗျာ ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အားကစားရေးရာ ဝါရင့် ဆောင်းပါးရှင် Rahul Banerji ရေးသားပေးပို့ထားတဲ့ “၂၀၁၈ ခုနှစ် ဓနသဟာရ အားကစားပွဲတော်တွင် အိန္ဒိယနိုင်ငံ၏ ထင်ရှားကျော်ကြားသည့် စွမ်းဆောင်နိုင်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်အတွင်း ဩစတြေးလျားနိုင်ငံ Gold Coast မြို့မှ ၂၁ ကြိမ်မြောက် ဓနသဟာရ အားကစားပွဲတော်မှာ အိန္ဒိယနိုင်ငံက ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်နှင့်အတူ ရှေ့တန်းသို့ ဆောင်ကြဉ်းပေးလိုက်တာကတော့ အမျိုးသမီးစွမ်းအားပဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်၊ နယူးဒေလီမြို့ အားကစားပွဲတော်မှာ ဆုတံဆိပ်အားဖြင့် ရာပြည့်အထိမ်းအမှတ် ကျော်လွန်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ Glasgow မြို့ အားကစားပွဲတော်မှာ ဆုတံဆိပ် ၆၄ ခု တို့ ရရှိခဲ့ခြင်းနှင့်အတူ အိန္ဒိယနိုင်ငံဟာ ဩစတြေးလျားနိုင်ငံ၊ Gold Coast မြို့မှ ၂၁ ကြိမ်မြောက် ဓနသဟာရ အားကစားပွဲတော်မှာ ရွှေတံဆိပ် ၂၆ ခု၊ ငွေတံဆိပ် ၂၀ ခုနှင့် ကြေးတံဆိပ် ၂၀ ခုတို့ ဆွတ်ခူးနိုင်ခဲ့ပြီး အံ့မခန်း စွမ်းဆောင်ရည်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဆုတံဆိပ် ဇယားရဲ့ တတိယ နေရာမှာ ရှိနေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသူတွေအချင်းချင်း အမျိုးသမီး ကြက်တောင်ရိုက် ဗိုလ်လုပွဲမှာ Saina Nehwal ဟာ P V Sindhu ကို ၂၁-၁၈၊ ၂၃-၂၁ နှင့် အနိုင်ရရှိခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ဖြစ်ခဲ့ပြီး အိုလံပစ် ကြေးတံဆိပ်ဆုရှင်ဖြစ်သူ အထက်လွှတ်တော် အဖွဲ့ဝင် အိန္ဒိယအမျိုးသမီး လက်ဝှေ့အကျော်အမော် MC Mary Kom ဟာ သူမရဲ့ ပထမဆုံးအကြိမ်အဖြစ် ဓနသဟာရ အားကစားပွဲတော်ရဲ့ အမျိုးသမီး ၄၈ ကီလိုတန်းမှ ယှဉ်ပြိုင်ထိုးကြိတ်ရာမှာ ရွှေ့တံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ၄၈ ကီလို အမျိုးသမီး အလေးမပြိုင်ပွဲ ပထမဆုံးနေ့မှာ Mirabai Chanu ဟာ အိန္ဒိယနိုင်ငံရဲ့ ရွှေတံဆိပ်ကို ဆွတ်ခူးပေးခဲ့ပြီး အဲဒီနောက်မှာတော့ မဏိပူ ပြည်နယ်မှ Sanjita Chanu က ၅၃ ကီလိုတန်းမှာလည်းကောင်း၊ Punam Yadav က ၆၉ ကီလိုတန်းမှာလည်းကောင်း ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။

အမျိုးသား အလေးမကဏ္ဍမှာလည်း Satish Kumar Sivalingam က ၇၇ ကီလိုတန်းမှာလည်းကောင်း Venkat Rahul Ragala က ၈၅ ကီလိုတန်းမှာလည်းကောင်း ထိပ်ဆုံးအဆင့် စွမ်းဆောင်နိုင်ရည်ရှိမှုနှင့်အတူ နောက်ကျကျန်ရစ် မနေခဲ့ပါဘူး။ အိန္ဒိယနိုင်ငံဟာ ဓနသဟာရ အားကစားပွဲတော်အဆင့်မှာ ပြိုင်ပွဲကဏ္ဍတစ်ခုတည်းအတွင်းမှာ ဆုတံဆိပ်ပေါင်း ၉ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ် ရွှေတံဆိပ်ဆုရှင်လေး Manu Bhakar ဟာ အမျိုးသမီး ၁၀ မီတာ ပစ္စတို လေသေနတ်ပစ်ပြိုင်ပွဲမှာ ဝါရှင့် ကစားဖော် Heena Sidhu နှင့်အတူ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိနိုင်ခဲ့တဲ့အပြင် ပစ်ခတ်မှု အနေအထားအားလုံးတို့မှာ ရွှေတံဆိပ်တွေ ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် Heena Sidhu ဟာ ၂၅ မီတာ သေနတ်ပစ်ပြိုင်ပွဲမှာ ပစ်မှတ်ဗဟိုတည့်တည့် ပစ်ခတ်နိုင်မှုနှင့်အတူ ရွှေတံဆိပ်ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံ Jitu Rai ကလည်း အမျိုးသား ၂၅ မီတာ ပစ္စတို လေသေနတ်ပစ်ပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ Mehuli Ghosh၊ Om Mithrawal၊ Apurvi Chandela နှင့် Rajiv Kumar တို့ကလည်း ၎င်းတို့ရဲ့ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုတွေနှင့်အတူ ပံ့ပိုးရေးကဏ္ဍကနေ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

လက်ရှိချန်ပီယံနှင့် အိုလံပစ် နှစ်ထပ်ကွန်း ဆုတံဆိပ်ရှင်ဖြစ်တဲ့ ၇၄ ကီလိုတန်းမှ Sushil Kumar ဦးဆောင်တဲ့ ထိပ်တန်းအဆင့် နပန်းသမားတွေဟာ ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ကြပြီး အိန္ဒိယနိုင်ငံ အလေးမသမားတွေက ဆုတံဆိပ် ၉ ခုရရှိခဲ့ကြပြီး အားကစားပွဲတော်မှာ နိုင်ငံတော်ကို ဦးဆောင်အဆင့်သို့ ရောက်ရှိစေခဲ့ကြပါတယ်။

Glasgow မြို့မှ ၂၀၁၄ ခုနှစ် အားကစားပွဲတော်မှာ အိန္ဒိယနိုင်ငံဟာ နပန်းသတ်ကဏ္ဍမှာ ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၆ ခုနှင့် ကြေးတံဆိပ် ၂ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး ထိပ်ဆုံးဖြစ်တဲ့ ကနေဒါနိုင်ငံထက် ဆုတံဆိပ် ၁ ခုတည်းသာ လျော့နည်းခဲ့ပေမယ့် အိန္ဒိယနိုင်ငံဟာ စွမ်းအားများစွာတို့ ရှိနေဆဲဖြစ်ပါတယ် ဒါမှမဟုတ် ကြွက်သားတောင့်တင်းမှုတွေရဲ့ စွမ်းရည်လို့လည်း ပြောဆိုနိုင်ပါတယ် စသဖြင့် ဆောင်းပါးရှင် Rahul Banerji ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။