မော်လဒိုက်နိုင်ငံသည် ရွေးကောက်ပွဲတွင် သမ္မတဟောင်းကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုရမည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက ဖော်ပြလိုက်သည်။

မော်လဒိုက်နိုင်ငံသည် အစိုးရက ချက်ချင်းအားဖြင့် ငြင်းဆိုပယ်ချခဲ့သော သမ္မတ၏ ရုံးလုပ်ငန်းတာဝန်အတွက် သမ္မတဟောင်း Mr. Mohamed Nasheed ၏ ပါဝင်ယှဉ်ပြိုင်ပိုင်ခွင့်ကို မူလအတိုင်း ပြန်လည်ပေးအပ်ရမည်ဟု ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မတီအဖွဲ့က တနင်္လာနေ့တွင် ချမှတ်ခဲ့သည်။ Mr. Nasheed ကို စီရင်ချမှတ်ခဲ့သည့် တရားရေး လုပ်ငန်းဆောင်တာများသည် မရေရာသည့် ဥပဒေစည်းမျဉ်းများအပေါ် အခြေခံထားခြင်းဖြစ်ပြီး ချို့ယွင်းချက်များစွာ ပါဝင်နေသည့်အပြင် ၎င်း၏ မျှတစွာ စစ်ဆေးစီရင်မှု ခံယူပိုင်ခွင့်ကို ချိုးဖောက်ခဲ့သည်ဟု ကော်မတီအဖွဲ့က စစ်ဆေးတွေ့ရှိချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ Mr. Nasheed ၏ ပါဝင်ယှဉ်ပြိုင်ပိုင်ခွင့်နှင့်ပတ်သက်၍ ကန့်သတ်ချက်များသည် အရပ်သားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ် သဘောတူစာချုပ် ICCPR ၏ ပုဒ်မ ၂၅ အောက်တွင် နိုင်ငံရေးရာ ပါဝင်ယှဉ်ပြိုင်ပိုင်ခွင့်ကို ချိုးဖောက်လျှက်ရှိသည်ဟုလည်း ကော်မတီအဖွဲ့က တွေ့ရှိခဲ့သည်။ မော်လဒိုက်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့၏ စီရင်ချက်ကို ပယ်ချခဲ့ပြီး Mr. Nasheed ၏ ရပိုင်ခွင့် အခွင့်အရေးတစ်စုံတစ်ရာအား ချိုးဖောက်ခဲ့သည်ဟူသည့်အချက်ကို ငြင်းဆိုချေပခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မော်လဒိုက်နိုင်ငံ တရားရုံးတစ်ခု၌ ရုံးထုတ်ခဲ့သည့် Mr. Nasheed ကို အခြေခံအားဖြင့် အကြမ်းဖက်ဝါနှင့် စွဲချက်တင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ မတ်လတွင် ထောင်ဒဏ် ၁၃ နှစ် စီရင်ချမှတ်ခဲ့ကြောင်း။