အိန္ဒိယနိုင်ငံ မိုးလေဝသဌာန IMD သည် ယခုနှစ်အတွက် မုတ်သုံမိုး ပုံမှန်ရွာသွန်းလိမ့်မည်ဟု ခန့်မှန်းဖော်ပြလိုက်သည်။

မုတ်သုံမိုးကိုသာအဓိကအားထားနေရသည့် အိန္ဒိယနိုင်ငံလယ်သမားများအတွက် သတင်းကောင်းအနေနှင့် ယခုနှစ်တွင် ပုံမှန်မုတ်သုံရာသီကျရောက်ပြီး မိုးရွာသွန်းမည်ဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) က ပြောကြားခဲ့သည်။ ပုံမှန်မုတ်သုံမိုးရွာသွန်းမည့် ဇွန်လမှ စက်တင်ဘာလအတွင်း မိုးများနိုင်မှုခန့်မှန်းခြေ ၉၇ ရာနှုန်းခန့် အချိန်ကြာရွာသွန်းနိုင်ပြီး ခန့်မှန်းခြေထက်လွှဲမှားနိုင်မှုဖြစ်နိုင်ခြေမှာ အနုတ်လက္ခဏာ ၅ သို့မဟုတ် ၅ ရာနှုန်းခန့် ပို၍ ရွာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန အထွေထွေညွှန်ကြားရေးမှူး Dr K J Ramesh မှ မြို့တော် နယူးဒေလီတွင် အနောက်တောင်မုတ်သုံရာသီဆိုင်ရာ ခန့်မှန်းပြောဆိုမှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ပုံမှန်အားဖြင့် အချိန်ကြာမိုးရွာသွန်းမှုနှုန်းမှာ ၉၆ မှ ၁၀၄ ရာနှုန်းအတွင်းရှိပါက ပုံမှန်မုတ်သုံရာသီဥတုအနေအထားဖြစ်ကြောင်း သတ်မှတ်ထားသည်။ အိန္ဒိယနိုင်ငံအနေဖြင့် သုံးနှစ်ဆက်တိုက် ပုံမှန်မုတ်သုံရာသီကို တွေ့ကြုံခံစားရခြင်းဖြစ်ပြီး မုတ်သုံမိုးအပြည့်အဝ မကျရောက်နိုင်မှုမှာ ဖြစ်နိုင်ခြေနည်းကြောင်း Dr Ramesh က ပြောသည်။ တနိုင်ငံလုံးအတိုင်းအတာအနေဖြင့်လည်း မိုးရရှိမှု ကောင်းမွန်နိုင်ကြောင်း Dr Ramesh က ပြောသည်။ El Nino ဖြစ်ပေါ်ကျရောက်လာနိုင်မည့်အခြေအနေမတွေ့ရှိရကြောင်းနှင့် အဆိုပါဖြစ်စဉ်က မုတ်သုံမိုးကို ထိခိုက်စေမှာမဟုတ်ကြောင်း Dr Ramesh က ပြောသည်။ ပိစိဖိတ်သမုဒ္ဒရာတွင် ပုံမှန်မဟုတ်သည့် ပူနွေးမှုကြောင့် El Nino ဖြစ်ပေါ်လာပြီး ၎င်းအခြေအနေသည် လေထုကိုပြောင်းလဲစေကာ အများအားဖြင့် မိုးရွာသွန်းမှု နည်းပါးစေခြင်းဖြစ်ကြောင်း။