ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် Gaza-Israel နယ်စပ်တလျှောက် အကြမ်းဖက်မှုကို ဆွေးနွေးခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယမန်နေ့ညက Gaza-Israel နယ်စပ်တလျောက် အကြမ်းဖက်မှုကို ဆွေးနွေးရန် အရေးပေါ် အစည်းအဝေးပွဲတရပ် ဆင့်ခေါ်ခဲ့သည်။ Jerusalem မြို့၌ အမေရိကန်သံရုံး ဖွင့်လှစ်ပြီးနောက် ပေါ်ပေါက်ခဲ့သော အဓိကရုဏ်းသည်  လွန်ခဲ့သော တနင်္လာနေ့က ပါလက်စတိုင်းလူမျိုး (၅၀) ကျော်တို့၏အသက်ကို ခြွေယူသွားခဲ့သည်။ ပြည်သူပေါင်း (၁၂၀၀) ကျော်တို့သည်လည်း လူစုဆန့်ကျင်ဆန္ဒပြပွဲများ၌ ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြသည်။ Associated Press မှ သတင်းများအရ အထူးသဖြင့် သတ်ဖြတ်မှုများကြောင့် အမျက်ဒေါသနှင့် ဝမ်းနည်းကြေကွဲမှုများကို ဖေါ်ပြထားသည့် ထုတ်ပြန်ချက်သည် အဆိုပါ အခင်းဖြစ်ပွားမှုအား လွတ်လပ်ပြီး၊ ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားပြီး၊ သက်ဆိုင်သူအားလုံးတို့အား သီးခံထိန်းချုပ်မှုများ ပြုလုပ်ကြပါရန် တောင်းဆိုထားသည်ဟု သိရှိရကြောင်း။