သမ္မတ Mr. Ram Nath Kovind သည် Mumbai မြို့ရှိ BARC ၌ DAE ပြပွဲသို့ သွားရောက်ကြည့်ရှု့ခဲ့သည်။

သမ္မတ Mr. Ram Nath Kovind သည် ယမန်နေ့က Mumbai မြို့ Trambay အရပ်ရှိ Bhabha Atomic Research Centre (BARC) ၌ ခင်းကျင်းထားသော အနုမြူစွမ်းအင်ဌာန (DAE) ၏ ပြပွဲသို့ သွားရောက်ကြည့်ရှု့ခဲ့သည်။ သမ္မတသည် DAE ၏ လုပ်ငန်းစဉ်အများအပြားတို့ကို နိုင်ငံတော်သို့ အပ်နှံခဲ့ပြီး၊ ယင်းတို့တွင် Metal Fuel Pin Fabrication Facility, IGCAR, Kalpakkam နှင့် ဘေးအန္တရာယ်ထိန်းချုပ်ရေးအတွက် ဘက်စုံဗဟိုဌာနတို့ ပါဝင်ပေသည်။ ယင်းဌာနသည် နိုင်ငံတဝှမ်း Radiation ဓါတ်ရောင်ခြည်ဌာနပေါင်း (၅၀၄) တို့ ကွန်ယက်မှ ဓါတ်ရောင်ခြည်ဆိုင်ရာ Data စာရင်းများကို စောင့်ကြပ်ထိန်းချုပ်မည်ဖြစ်သည်။ သမ္မတသည် BARC မှ ထုတ်လုပ်သော ကင်ဆာရောဂါသည်တို့အား ကုသပေးနိုင်သည့် Multi-Leaf Collimator System ကို နိုင်ငံတော်သို့ အပ်နှံခဲ့သည်။ အဆိုပါစံနစ်သည် ရောဂါဖြစ်ပွားနေသည့်နေရာအပေါ် တိကျစွာ ဓါတ်ရောင်ခြည်များ ကျရောက်စေနိုင်ပေသည်။ အဆိုပါအခမ်းအနား၌ အမှာစကားပြောကြားစဉ် သမ္မတ Mr. Kovind သည် အိန္ဒိယနိုင်ငံအား အနုမြူနည်းပညာကို နယ်ပယ်များစွာတို့၌ အသုံးချမှုတို့အတွက် ဦးဆောင်သော နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ်ပြုကြပြီး၊ ယင်းနယ်ပယ်တို့က စွမ်းအင်မှ စိုက်ပျိုးရေး၊ ဆေးဝါးနှင့် စွန့်ပစ်သောပစ္စည်းများ ထိန်းချုပ်မှုပါဝင်သည်ဟု ဖေါ်ပြခဲ့ကြောင်း။