အိန္ဒိယနိုင်ငံသည် မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့အတွက် နီပေါနိုင်ငံအား အာမတော်ကြေးအဖြစ် နီပေါရူပီးငွေ ၁၈.၀၇ ကုဋေ ထုတ်ဝေလိုက်သည်။

အိန္ဒိယနိုင်ငံသည် နီပေါနိုင်ငံ၏ Lalbakeya, Bagmati နှင့် Kamla မြစ်များတလျောက် မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေကာတာများ ဆောက်လုပ်ရေးအတွက် အာမတော်ကြေးအဖြစ် နီပေါရူပီးငွေ ၁၈.၀၇ ကုဋေ ထုတ်ဝေလိုက်သည်။ ယမန်နေ့က နီပေါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr. Manjeev Singh Puri သည် ယင်းအာမတော်ကြေး ချက်လက်မှတ်ကို Kathmandu မြို့တွင် နီပေါစွမ်းအင်၊ ဆည်မြောင်းတူးဖော်ရေးနှင့် ရေအရင်းအမြစ်ဌာန အတွင်းဝန် Dr.Sanjay Sharma အား ပေးအပ်ခဲ့သည်။ မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေကာတာများ ဆောက်လုပ်ရေးတို့ကို နီပေါနိုင်ငံအတွင်း Lalbakeya ၊ Baymati နှင့် Kamla မြစ်များတလျောက် ပြုလုပ်ခြင်းသည် အိန္ဒိယနှင့် နီပေါနိုင်ငံများမှ ယင်းမြစ်ဝှမ်းဒေသ၌ နေထိုင်ကြသည့် သန်းပေါင်းများစွာသော ပြည်သယ်တို့ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ လွန်ခဲ့သော ၂၀၀၈ ခုနှစ်မှစ၍ အန္ဒိယအစိုးရသည် နီပေါနိုင်ငံအား မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေကာတာများ ဆောက်လုပ်ရေးအတွက် နီပေါရူပီးငွေ ၄.၆၈ ဘီလီယံ ပေးကမ်းခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေကြီးမှုထိန်းချုပ်ရေးနှင့် ရေအရင်းအမြစ်ထိန်းချုပ်ရေးနယ်ပယ်တို့၌ နီပေါနိုင်ငံနှင့် နီးကပ်စွာ ဆက်လက်လုပ်ကိုင်သွားရန် ခံယူထားကြောင်း။