.Karnataka ပြည်နယ်တွင် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများ၌ မည်သည့်ပါတီကမျှ လိုအပ်သောအမတ်ဦးရေအများစု မရရှိနိုင်ခဲ့သောကြောင့် နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်လျှက်ရှိသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ မဲရေတွက်မှုများတွင် မည့်သည့်ပါတီကမျှ အစိုးရဖွဲ့စည်းရန် လိုအပ်သော အမတ်ဦးရေ အနိုင်ရရှိခြင်းမရှိသောကြောင့် Karnataka ပြည်နယ်တွင် နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်လျှက်ရှိနေသည်။ ယနေ့ Bengaluru မြို့တွင် BJP, Congress နှင့် JD(S) ပါတီတို့သည် ၎င်းတို့၏ ခေါင်းဆောင်သစ်များ ရွေးချယ်ရန် ဥပဒေပြုပါတီ အစည်းအဝေးပွဲများ ကျင်းပလျှက်ရှိကြသည်။ BJP နှင့် Congress-JD(S) မဟာမိတ်ပါတီနှစ်ခုစလုံးတို့သည် ယမန်နေ့ညနေက ပြည်နယ်အုပ်ချုပ်ရေးအရာရှိချုပ် Mr. Vajubhai Vala နှင့် တွေ့ဆုံပြီး၊ အစိုးရဖွဲ့စည်းနိုင်ကြောင်း တင်ပြခဲ့ကြသည်။ ပြည်နယ်အုပ်ချုပ်ရေးအရာရှိချုပ်သည် နှစ်ဖက်စလုံးတို့အား ရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးရလဒ်များ ထုတ်ပြန်ကျေညာသည်အထိ စောင့်ဆိုင်းကြပါရန် ပြောကြားခဲ့ကြောင်း။