တရုတ်နိုင်ငံသည် မြောက်ကိုးရီးယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အား Kim-Trump ထိပ်သီးညီလာခံကို ရှေ့သို့ချီရန် တောင်းဆိုလိုက်ကြောင်း။

ယမန်နေ့က တရုတ်နိုင်ငံသည် မြောက်ကိုးရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့အား ၎င်းတို့၏ သမိုင်းဝင် ထိပ်သီးညီလာခံကို ပြုံယမ်းအစိုးရက စီစဉ်ထားသော အမေရိကန်သမ္မတ Mr. Donald Trump နှင့် မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင် Mr. Kim Jong un အကြား တွေ့ဆုံဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်ပိုင်း စီမံထားသည့်အတိုင်း ရှေ့သို့ ချီပါရန် တောင်းဆိုလိုက်သည်။ မြောက်ကိုးရီးယားနိုင်ငံသည် လွန်ခဲ့သော ဗဒ္ဓဟူးနေ့က ကျင်းပရန်ရှိခဲ့သော Seoul အစိုးရနှင့် အဆင့်မြင့် ဆွေးနွေးပွဲများကို အမေရိကန်-တောင်ကိုးရီးယား စစ်ဖက်ဆိုင်ရာ လေကြောင်းလေ့ကျင့်မှုများကြောင့် ဖျက်သိမ်းခဲ့ပြီး၊ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ရိုင်းဆိုင်းပြီး၊ ကောက်ကျစ်သော ရန်စမှုဖြစ်သည်ဟု ရှုတ်ချခဲ့သည်။ ဤအတောအတွင်း အိမ်ဖြူတော်သည် ၎င်းတို့က အမေရိကန်ပြည်ထောင်စုသမ္မတနှင့် မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင်တို့အကြား ဆွေးနွေးပွဲများအတွက် ပြင်ဆင်မှုများအား Pyongyang အစိုးရက လာမည့် ဇွန်လ (၁၂) ရက်နေ့၌ ကျင်းပရန် စီစဉ်ထားသော ထိပ်သီးညီလာခံကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း ဆက်လက်ပြုလုပ်သွားလိမ့်မည်ဟု ဖေါ်ပြခဲ့သည်။ မြောက်ကိုးရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုက ယင်းထိပ်သီးညီလာခံကို အနုမြူလက်နက်ဖျက်သိမ်းရေးဆိုင်ရာ အရေးကိစ္စ၏ ထောင့်စွန်းတခုထဲ တွန်းပို့ရန် ကြိုးပမ်းလျှက်ရှိသည်ဟု စွတ်စွဲဖေါ်ပြခဲ့ကြောင်း။