ယနေ့ဝန်ကြီးချုပ်သည် BJP ပါတီ ဌာနခွဲအားလုံးတို့မှ နိုင်ငံလုံးဆိုင်ရာ အမှုဆောင်အရာရှိတို့အား အမှာစကားပြောကြားရန်ရှိသည်။

ယနေ့ ဝန်ကြီးချုပ် Mr. Narendra Modi သည် New Delhi မြို့၌ BJP ပါတီ၏ ဌာနခွဲ (၇) ခုစလုံးတို့မှ နိုင်ငံလုံးဆိုင်ရာ အမှုဆောင်အရာရှိတို့အား အမှာစကား ပြောကြားလိမ့်မည်ဖြစ်သည်။ ပထမဦးဆုံးပုံစံဖြစ်သည့် အဆိုပါအစည်းအဝေးပွဲသည် လာမည့်အောက်လွှတ်တော် ရွေးကောက်ပွဲများအတွက် ပါတီ၏ စုစည်းကျင်းပရေးယန္တယားအား အားသစ်လောင်းပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပေသည်။ ပါတီအသိုင်းအဝိုင်းများက အဆိုပါအစည်းအဝေးပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပလိမ့်မည်ဖြစ်ပြီး၊ ပါတီဌာနခွဲအားလုံးတို့မှ ပါတီဝင်များ အမိုးတခုတည်းအောက်ရှိနေကြမည်ဟု ဖေါ်ပြသည်။ ပါတီခေါင်းဆောင်ပိုင်းသည် လာမည့်အချိန်ကာလတနှစ်ခန့်အကွာ၌ ကျင်းပရန်ရှိသော အောက်လွှတ်တော် LoK Sabha ရွေးကောက်ပွဲများအတွက် Agenda ရေးဆွဲချမှတ်ရန် အခွင့်လမ်းများအား အသုံးပြုကြမည့်ဟန်ရှိပြီး၊ ဤအစည်းအဝေးပွဲမှ သဘောတူညီချက်များကို ၎င်းတို့၏ စုစည်းကျင်းပရေး ယန္တယား၌ အသုံးပြုကာ၊ လူထုအများစုနှင့် ဗဟိုအစိုးရတို့အကြား အောင်မြင်မှုများရရှိစေရန် ကြိုးပမ်းကြလိမ့်မည်ဖြစ်ကြောင်း။