အစိုးရသည် Jammu နှင့် Kashmir ပြည်နယ်၌ Ramzan ဥပုဒ်လအတွင်း စစ်ဆင်မှုများ မပြုလုပ်ရန် လုံခြုံရေးတပ်ဖွဲ့တို့ကို ညွှန်ကြားထားသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က အစိုးရသည် လုံခြုံရေးတပ်ဖွဲ့တို့အား Jammu နှင့် Kashmir ပြည်နယ်တွင် မွန်မြတ်သော Ramzan ဥပုဒ်လအတွင်း စစ်ဆင်ရေးများ မပြုလုပ်ကြပါရန် ပြောကြားခဲ့သည်။ Tweets တခုတွင် ပြည်ထဲရေးဝန်ကြီး Mr. Rajnath Singh သည် အဆိုပါဆုံးဖြတ်ချက်က ငြိမ်းချမ်းရေးကို မြတ်နိုးသော မူစလင်ဘာသာဝင်တို့အား Ramzan လရာသီကို အေးချမ်းသောပါတ်ဝန်းကျင်အနေအထား၌ လိုက်နာကျင့်သုံးခွင့်ရရှိလိမ့်မည်ဟု ဖေါ်ပြထားသည်။ ပြည်ထဲရေးဝန်ကြီးသည် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်နှင့်ပါတ်သက်၍ Jammu နှင့် Kashmir ပြည်နယ်ဝန်ကြီးချုပ်အား အကြောင်းကြားခဲ့သည်။ Mr. Singh သည် လုံခြုံရေးတပ်ဖွဲ့များတွင် အကယ်၍ တိုက်ခိုက်မှုတခု ဖြစ်ပွားလျင် တုန့်ပြန်တိုက်ခိုက်ရန်နှင့် အပြစ်မဲ့ပြည်သူတို့၏ အသက်ကိုကာကွယ်စောင့်ရှောက်ရမည်ဆိုလျင် တုံ့ပြန်ချေပရန် အခွင့်အာဏာရှိသည်ဟု ဖေါ်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် အစိုးရက ယင်း Ramzan လအတွင်း မည်သည့်လူမျိုးစု အထူးသဖြင့် ငြိမ်းချမ်းရေးမြတ်နိုးသော မူစလင်လူမှုအသိုင်းအဝိုင်းတို့အနေနှင့် မည်သည့်အခက်အခဲမျိုးကိုမျှ မကြုံတွေ့စေလိုကြောင်း ဖေါ်ပြခဲ့သည်။ ငြိမ်းချမ်းရေးလိုလားသော ပြည်သူတို့အားလုံးအနေနှင့် အကြမ်းဖက်သမားများကို အထီးကျန်ဖြစ်စေရန်နှင့် လမ်းမှားသို့ သွေးဆောင်ခံခဲ့ကြရသူတို့ အိမ်ပြန်လာရေးအတွက် စိတ်ဓါတ်မြင့်တင်အားပေးမှုပြုရေးအတွက် သွေးစည်းလက်တွဲရန် အလွန်အရေးကြီးလှကြောင်း။